ခရစ်တီးန် ရှရိန်နာ ဘာဂနာ (ဂျာမန်: Christine Schraner Burgener; ခရစ်တီးနာ ရှရာနာ ဘော့ဂီနာ) သည် ဆွစ်လူမျိုး သံတမန်တစ်ဦးဖြစ်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ယခင်က ဂျာမနီနှင့် ထိုင်းနိုင်ငံတို့တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး၏ ။[၁]
ဘာဂနာကို ၁၉၆၃ ၌ ဆွစ်ဇာလန်နိုင်ငံ၊ မိုင်းရင်ငန်မြို့တွင် ဖွားမြင်ခဲ့သည်။[၁] ဖခင်သည် ဆွစ်ဆဲရာလေကြောင်းလိုင်း၏ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်၍ ဖခင်နှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကြီးပြင်းခဲ့သည်။[၂][၃] ဇူးရစ်ခ် (ဇျူးရစ်ခ်) တက္ကသိုလ်မှ ဥပဒေပညာာပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။[၁]
ရှရိန်နာ ဘာဂနာသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းတစ်ဦးဖြစ်သော ခရစ်တော့ ဘာဂနာနှင့် အိမါထောင်ကျကာ သမီးတစ်ဦးနှင့် သားတစ်ဦး ထွန်းကားခဲ့သည်။ ရရှိန်နာသည် ဆွစ်ဇာလန် ဒီမိုကရက်တစ်ပါတစ်ဝင်တစ်ဦးလည်းဖြစ်၏ ။[၄]
၁၉၉၁ တွင် နိုင်ငံခြားရေးရာ ပြည်ထောင်စုဌာန၏ သံတမန်အဝန်းအဝိုင်းထဲသို့ နိုင်ငံတကာဥပဒေဌာနမှ စတင်ဝင်ရောက်ခဲ့၍ ၁၉၉၂ ၌ မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ ဆွစ်သံရုံးတွင် သံမှူးအဖြစ် တာဝန်ယူခဲ့သည်။
ထို့နောက် ဆွစ်ဇာလန်တွင် ၁၉၉၃ မှ ၁၉၉၇ အထိ လူ့အခွင့်ရေးဆိုင်ရာဌာန၏ ဒုတိယဌာနမှူးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့၏ ။ ထိုအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လူ့အခွင့်ရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး "အမျိုးသမီးများအား ခွဲခြားဆက်ဆံသည့် ပုံစံအမျိုးအစားအားလုံးကို ဖယ်ရှားရေးနှင့်ပတ်သက်သည့် သဘောတူညီချက်" အကြောင်းဆွေးနွေးပို့ချခြင်းနှင့် အစီရင်ခံထုတ်ဝေခြင်းများလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် ဘေဂျင်းတွင်ကျင်းပသော "၁၉၉၅ ကမ္ဘာ့အမျိုးသမီးညီလာခံ" သို့လည်း ဆွစ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ယင်းနောက် ဒဘလင်မြို့ (ဒါ့ဘ်လင်) ရှိ သံရုံးတွင် သံရုံးအတိုင်ပင်ခံဖြစ်လာခဲ့ကာ ခင်ပွန်းသည်နှင့်အတူ တွဲဖက်လုပ်ကိုင်ခဲ့သည်။ ၂၀၀၁ မှ ၂၀၀၃ အထိ ခင်ပွန်းနှင့်အတူပင် လူ့အခွင့်ရေးဆိုင်ရာမူဝါဒ နိုင်ငံခြားရေးဌာန၌ လုပ်ကိုင်ခဲ့ပြီး လူသားလုံခြုံရေးဆိုင်ရာဌာနတွင်လည်း ဆောင်ရွက်ခဲ့သည်။
၂၀၀၄ မှ ၂၀၀၉ အထိ နိုင်ငံတကာဥပဒေဦးစီးရုံး၏ ဒုတိယညွှန်မှူး၊ လူ့အခွင့်ရေးနှင့် နိုင်ငံတကာ လူသားခြင်းစာနာထောက်ထားရေး ဥပဒေဌာန၏ ညွှန်မှူးဖြစ်ခဲ့သည်။ ၂၀၀၇ အထိ သံအမတ်ရာထူးအဆင့်ဖြင့် လုပ်ကိုင်ခဲ့ကာ ထို့နောက်ပိုင်းတွင်လည်း အမျိုးမျိုးသော တာဝန်များဖြင့် အမျိုးမျိုးသောဌာနများတွင် ထမ်းဆောင်ခဲ့သည်။
ရှရှိန်နာသည် ပထမဆုံးသံအမတ်အဖြစ် ၂၀၀၉ မှ ၂၀၁၅ အထိ ထိုင်းနိုင်ငံတွင်တာဝန်ယူခဲ့ရာ ၂၀၀၉ မှ ၂၀၁၂ အထိ ခင်ပွန်းဖြစ်သူနှင့်အတူ ထိုင်းတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့၍ ၂၀၁၂ ၌ မြန်မာနိုင်ငံတွင် ဆွစ်သံရုံးကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ ဖွင့်လှစ်ပြီး သူမအမျိုးသားက ထိုသုံးနိုင်ငံအတွက် သံအမတ်အဖြစ် လုပ်ကိုင်သည်။ ထိုင်းနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ဟောင်းတစ်ဦး၏ အဆိုအရ ၂၀၁၃-၁၄ ထိုင်နိုင်ငံရေးပြဿနာ၌ နှစ်ဖက်အြပ်စုနှင့် အဆက်မပြတ်ဆက်ဆံခဲ့သော သံတမန်တစ်ဦးလည်းဖြစ်သည်။[၂]
၂၀၁၈ ဧပြီ ၂၆ တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ခန့်အပ်တာဝန်ပေးခဲ့သည်။[၅]
ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီက သူမကို ၂၀၂၁ ဖေဖော်ဝါရီတွင် နိုင်ငံသားပြောင်းရွှေ့မှုရေးရာဝန်ကြီး (State Secretary for Migration) အဖြစ် ရွေးချယ်ခဲ့သော်လည်း ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကြောင့် ၂၀၂၂ ရောက်မှသာ ထိုရာထူးကို ဆောင်ရွက်မည်ဖြစ်သည်။[၆][၇]