Jaya Sri Maha Bodhi ජය ශ්රී මහා බොධිය | |
---|---|
Sacred Bodhi before c. 1913 and in the recent past. | |
Species | Bodhi (Ficus religiosa) |
Location | Anuradhapura, Sri Lanka |
Coordinates | 8°20′41″N 80°23′48″E / 8.34472°N 80.39667°Eကိုဩဒိနိတ်: 8°20′41″N 80°23′48″E / 8.34472°N 80.39667°E |
Date seeded | 288 BC (planted) |
Custodian | Mahavihara of Anuradhapura |
ဇေယျာသီရိမဟာဗောဓိ သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့၊ Mahamewna ဥယျာဉ်တွင် တည်ရှိသည့် ဗောဓိပင်တစ်ပင် ဖြစ်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိပင်မှ တောင်ဘက်အကိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ၎င်းကို ဘီစီ ၂၈၈ တွင် စိုက်ပျိုးခဲ့ကြသည်။,[၁][၂][၃] ခုနှစ်သိရှိရပြီး ကမ္ဘာပေါ်ရှိ လူစိုက်ပျိုးခဲ့သည့် သစ်ပင်များထဲတွင် ဤဗောဓိပင်သည် သက်တမ်းအရှည်ဆုံး ဖြစ်သည်။ [၄]ယနေ့အချိန်အတွင် ဤဗောဓိပင်သည် သီရိလင်္ကာနိုင်ငံ၏ အထွတ်အမြတ်ထားရာ တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များသည်လည်း အရိုအသေရှိကြသည်။
ဗောဓိပင်ကို ပတ်လည်တွင် တည်ရှိနေသည့် အပင်များက မုန်တိုင်း၊ မျောက်, လင်းနို့ကဲ့သို့သော တိရစ္ဆာန်များ၏ အန္တရာယ်မှ ကာကွယ်ပေးထားသည်။[ကိုးကားချက်လိုသည်]
၂၀၁၄ခုနှစ် ဧပြီလတွင် အစိုးရသည် ဗောဓိပင်၏ မီတာ ၅၀၀ (၁၆၀၀ ပေ) အတွင်း တည်ရှိနေသည့် တည်ဆောက်ရေးအားလုံးကို ပိတ်ပင်ခဲ့သည်။ ဗောဓိပင်အား ထိခိုက်မှုမရှိနိုင်သည်မှာ သေချာသည်များကိုမူ ခွင့်ပြုပေးခဲ့သည်။[၅]
ဗောဓိပင်သို့ ကျွန်းပေါ်ရှိ ဗုဒ္ဓဘာသာဝင်များသည် သွားရောက်ကာ ဝတ်ပြုပူဇော်ကြသည်။ ဤသည်မှာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျ ဖြစ်သည်။ သီရိမဟာဗောဓိသို့ အန်ဒရာပူရမြို့ရှိ ဝေးလံသောကျေးရွာများမှလည်း လာရောက်ကာ ပူဇော်ကြသည်။ အစောင့်များသည် အမျိုးမျိုးသော လှူဒါန်းဖွယ်များကို နေ့စဉ်ပေးလှူကြသည်။ ဤဇေယျာသီရိမဟာဗောဓိကို လှူဒါန်းမှုများပြုလုပ်ပါက ဘဝတွင် ကံကောင်းမှုများ ရရှိနိုင်သည်ဟု ဗုဒ္ဓဘာသာဝင်များသည် များသောအားဖြင့် ယုံကြည်ကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်အများစုသည် ကလေးငယ်အား မမွေးဖွားမီ ပုံပျက်မှုမရှိဘဲ အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရန်နှင့် ကလေးငယ်တွင် အနာရောဂါများ သက်သာပျောက်ကင်းစေရန် မဟာဗောဓိပင်သို့ သွားရောက်ကာ ဆုတောင်းအဓိဋ္ဌာန်လေ့ရှိသည်။ ထို့အပြင် အန်ဒရာပူရဒေသပတ်ဝန်းကျင်ရှိ လယ်သမားများသည် မိမိတို့ လယ်ယာများမှ ရရှိသည့် ပထမဆုံးသော ထမင်းကို ဗောဓိပင်သို့ လှူဒါန်းကြသည့် ကြာမြင့်ပြီဖြစ်သည့် အစဉ်အလာတစ်ခုလည်း ရှိကြသည်။ ထိုသို့ လှူဒါန်းပါက ပိုးမွှားများနှင့် မိုးခေါင်ခြင်း၊ ဆင်များဖျက်ဆီးမှု စသည်တို့ကဲ့သို့သော အနှောင့်အယှက်များမှ နည်းပါးကာ လယ်ယာမှ သီးနှံထွက်မှုကောင်းမွန်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ကြသည်။
ဘီစီ ၃ ရာစုတွင် ဤဗောဓိပင်ကို Sangamitta Theri (Pali; Skt.: Sanghamitra) က သီရိလင်္ကာနိုင်ငံသို့ ယူဆောင်ခဲ့သည်။ Sangamitta Theriသည် အသောကမင်း၏ သမီးတော် ဖြစ်သည်။ ၂၈၈ ဘီစီတွင် ၎င်းဗောဓိပင်ကို ဒေဝနမ်ပိယတိဿမင်းကြီး(Devanampiya Tissa) က Mahamevnāwa ဥယျဉ်အတွင်းတွင် အမြင့် ၆.၅ မီတာ (၂၁.၃ ပေ) ရှိသည့် ကုန်းမြေပေါ်တွင် စိုက်ပျိုးခဲ့သည်။ [၄][၆][၇][၈]၎င်းကို အကာအရံများဖြင့် ကာရံထားသည်။
မဟာဗောဓိသာသနာ့နယ်မြေကို တိုးတက်ဖွံ့ဖြိုးအောင် ရှေးခေတ်ဘုရင်များစွာတို့သည် ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ ဗောဓိပင်၏ အရပ်လေးမျက်နှာတွင် Vasabha (65 - 107 AD) က ဗုဒ္ဓရုပ်ပွားတော် လေးဆူကို ထားရှိခဲ့သည်။ ဘုရင် Voharika Tissa (214 - 236 AD) သည်လည်း သတ္ထုရုပ်ပွားတော်များကို ထားရှိခဲ့သည်။ ဘုရင် Mahanaga (569 - 571 AD) သည် ဗောဓိပင်၏ ပတ်လည်တွင် ရေတူးမြောင်းတစ်ခု ပြုလုပ်ခဲ့သည်။ ၎င်းရေတူးမြောင်းကို Sena II (846 - 866 AD) က ပြုပြင်ပြင်ဆင်ခဲ့သည်။[၉]
ယခုလက်ရှိမြင်တွေ့နေရသည်ကို ရဟန်းတော် Ilupandeniye Athtadassi Thero က ဘုရင် Kirti Sri Rajasinha (r. 1747-1782) လက်ထက်တွင် ဗောဓိပင်အား ဖျက်ဆီးနိုင်သည့် ဆင်ရိုင်းများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် ပြုပြင်တည်ဆောက်ခဲ့သည်။ နံရံ၏ အမြင့်သည် ၁၀ ပေ (၃ မီတာ) နှင့် အထူသည် ၅ ပေ (၁.၅ မီတာ) ၊ မြောက်မှ တောင်သို့ အလျားသည် ၃၈၈ ပေ (၁၁၈.၃ မီတာ) နှင့် အရှေ့မှ အနောက်သို့ အလျားသည် ၂၇၄ ပေ(၈၃.၅ မီတာ) ရှိသည်။
၁၉၆၉ ခုနှစ်တွင် Yatirawana Narada Thero ၏ ညွှန်ကြားမှုဖြင့် ကန်ဒီမြို့ (Kandy) မြို့ရှိ ဗုဒ္ဓဘာသာဝင်အချို့က ဗောဓိပင်၏ ပတ်လည်တွင် ပထမဆုံးသော ရွှေရောင်ခြံစည်းရိုးကို ပြလုပ်ခဲ့ကြသည်။ ၎င်းရွှေရောင်ခြံစည်းရိုးပေါ်တွင် သံခြံစည်းရိုးရှိပြီး ၎င်းကို Gonagala မြို့ရှိ ပြည်သူများက Yagirala Pannananda Thero ၏ လမ်းညွှန်မှုဖြင့် ပြုလုပ်ခဲ့သည်။
ကျောင်းတော်အတွင်းတွင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ သီတင်းသုံးနေသည်ကို မြင်နို်ငသည်။ ကျောက်သားမတ်တပ်ရပ်ဆင်းတုတော်သည် ကျောက်သားနံရံ၏ ညာဘက်တွင် ထင်ရှားသည်။ ကျောက်မြွေ (cobra-stone) သည် အလွန်ရှားပါးသည့် ဖန်တီးမှုတစ်ခုဖြစ်ကာ ၎င်းသည် မြွေ၏ ဖောင်းကြွပုံသဏ္ဌာန်ကို ပြသနေသည်။ မဟာဗောဓိသာသနာ့နယ်မြေတွင် များစွာသောအထိမ်းအမှတ်ကျောက်တိုင်များရှိကြသည်။
ဗောဓိပင်၏ အနောက်တောင်ဘက်တွင် တွေ့ရသည့် ပျက်စီးနေသည့် အဆောက်အဦကို မယုရပရိဝေဒ (မယုရကျောင်းတော်) ဟု ခေါ်ကြသည်။ ပျက်စီးနေသည့် စေတီတော်တစ်ခုသည် ဒက္ခိဏတုပ (တောင်ကျောင်းတော်) ဖြစ်ပြီး အနီးအနားတွင်ပင် ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ ရှေးခေတ်စာပေများတွင် နံရံအချို့နှင့် လှေကားထစ်များသည် လွန်ခဲ့သည့်အချိန်အချို့က ဗောဓိပင်ကို ဝန်းရံပတ်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မဟာဝံသ (Mahavamsa) ၌ Gothabhaya (249 – 262 AD) က ကျောက်အစအနများဖြင့် နံရံတစ်ခုကို တည်ဆောက်ခဲ့သည်ဟု ဖော်ပြထားသည်။ ဒီဃဝံသ (Dipavamsa) ၌ ကျောက်ခင်းလှေကားထစ်နှင့် ရာဇမတ်ကွက်နံရံများကို ဘုရင် Kirthi Sri Meghavarna (302 - 330 AD) က တည်ဆောက်ခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိနံရံကို တည်ဆောက်ရန် တူးဖော်မှုများ ပြုလုပ်စဉ်အတွင်း ကျောက်အစအနဖြင့် ပြုလုပ်ထားသည့် နံရံနှင့် ၎င်း၏ အောက်ခံအခြေ၊ ကျောက်ခင်းလှေကားထစ်နှင့်အတူတကွ ရာဇမတ်ကွက်နံရံများကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့ကို ထိန်းသိမ်းထားရှိပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အများပြည်သူအတွက် ဖွင့်လှစ်ခဲ့သည်။
၁၉၀၇ ခုနှစ်နှင့် ၁၉၁၁ ခုနှစ်က တိုက်ခတ်ခဲ့သည့် မတူညီသည့် မုန်တိုင်းများက ဗောဓိပင်၏ အကိုင်းနှစ်ခုကို ကျိုးသွားစေခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ကိုင်းတစ်ကိုင်းသည် ခုတ်ဖြတ်ခံခဲ့ရသည်။[ကိုးကားချက်လိုသည်] ၁၉၈၅ ခုနှစ်တွင် Liberation Tigers of Tamil Eelam သည် Sinhalese ဗုဒ္ဓဘာသာဝင်များစွာကို အထက်လှေကားထစ်တွင် ပစ်သတ်ခဲ့သည်။ ၎င်းဖြစ်ရပ်ကို အန်ဒရာပူရအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Anuradhapura massacre) ဟု သိကြသည်။[၉]