ဝက်စင်သွန် (ရွှေမြို့တော်ကျောင်းတော်") သည် လာအိုနိုင်ငံ၊ လောင်ဖရာဘန်ကျွန်းဆွယ်၏ မြောက်ဖျားထိပ်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ၁၅၅၉ မှ ၁၅၆၀ အကြားတွင် ဘုရင် Setthathirath က တည်ဆောက်ခဲ့သည်။ ဝက်စင်သွန်သည် လာအိုနိုင်ငံတွင်တည်ရှိသည့် အရေးအပါဆုံးကျေင်းတော်များထဲမှ တစ်ခုလည်း ဖြစ်သည်။ ကျောင်းတော်တွင် ရိုးရာအနုပညာများ၊ စာမူများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာများ ကျန်ရှိနေသည်။[၁]
ဗတ်စင်သွန် ဟူသည့်အမည်၏ အဓိပ္ပာယ်သည်"ရွှေမြို့တော်၏ ကျောင်းတော်" ဟု အဓိပ္ပာယ်ရသည်။[၂] လာအိုတွင် ဝက် သို့မဟုတ် ဗတ် သည်ဗုဒ္ဓဘာသာကျောင်းတာ်များကို ရည်ညွှန်းသည်။ ထိုကျောင်းတော်များသည် လာအိုလူနေမှုအဖွဲ့အစည်း၏ အလယ်ပိုင်းတွင် တည်ရှိသည်။[၃]
ဝက်စင်သွန်ကို ၁၅၅၉ မှ ၁၅၆၀ အကြားတွင် ဘုရင် Setthathirath ၏ အမိန့်ဖြင့် ဆောက်လုပ်ခဲ့သည်။[၃]:6[၄] ဘုရင် Setthathirath သည် ယခု လာအိုနိုင်ငံဖြစ်လာမည့် နယ်မြေဒေသတွင် Lan Xang ဘုရင့်နိုင်ငံ ("ဆင်သန်းပေါင်းများစွာတို့၏ နယ်မြေ") တွင် အုပ်ချုပ်ခဲ့သည်။ သူအုပ်ချုပ်စဉ်ကာလအတွင်း Setthathirath သည် မြို့တော်ကို စင်သွန် (နောက်ပိုင်းတွင် ဤနေရာကို "လောင်ပရာဘန့်" ဟု ခေါ်ကြ) မှ Vientiane သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုသို့ပြောင်းရွှေ့ရခြင်းမှ စင်သွန်အရပ်ဒေသသည် မြေပြန့်နည်းပါးသည့်အတွက် ဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်။ သို့သော်လည်း လောင်ပရာဘန့်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ (LPDR) ဖြစ်လာသည့် ၁၉၇၅ မတိုင်မီအချိန်အထိ တော်ဝင်မြို့တော်အဖြစ် ကျန်ရှိနေခဲ့သည်။[၅][၂]
ဗတ်စင်သွန်သည် တော်ဝင်မိသားစုတို့၏ ထောက်ပံ့ပေးမှုကြောင့် လာအိုဒီမိုကရက်တစ်ပြည်သူ့နိုင်ငံ မတည်ထောင်မီအထိ တော်ဝင်ကျောင်းတော်တစ်ခု ဖြစ်ခဲ့သည်။ ထိုကျောင်းတော်ကို ဗတ်ကီအိုနှင့် ဗတ်သတ်လောင် စသည့်ကျောင်းတော်များနှင့် ကပ်လျက်တည်ဆောက်ခဲ့သည်။ ဗတ်ဆိုသည်မှာ ဘုရင်များအတွက် သရဖူပေးရာနေရာ၊ ရဟန်းများနှင့် ကိုးကွယ်ယုံကြည်သူများအတွက် ဝတ်ပြုဆုတောင်းရာနေရာ၊ ဗုဒ္ဓ၏ ဓာတ်တော်များ ထားရှိရာနေရာ၊ ဘာသာရေးဆိုင်ရာပွဲတော်များ ကျင်းပရာနေရာနှင့် ရိုးရာဗိသုကာလက်ရာများကို ပြသထားရာနေရာလည်း ဖြစ်သည်။[၃][၄]
ကိုဩဒိနိတ်: 19°53′51″N 102°8′35″E / 19.89750°N 102.14306°E