ကယန်းပြည်သစ်ပါတီ | |
---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
ကယန်းပြည်သစ်ပါတီ၏ အလံ | |
လှုပ်ရှား | ဩဂုတ် ၈၊ ၁၉၆၄ | – လက်ရှိ
ခံယူချက် | ဖက်ဒရယ် ဒီမိုကရေစီ လူနည်းစု အခွင့်အရေး Maoism[၁] |
တည်ထောင်သူ | ဦးရွှေအေး |
ဦးဆောင်သူများ | ဦးသန်းစိုးနိုင် |
ဌာနချုပ် | ဖယ်ခုံမြို့နယ်၊ ရှမ်းပြည်နယ်[၂] |
လှုပ်ရှားသည့် ဧရိယာ | ဒီးမော့ဆိုမြို့နယ် ဖယ်ခုံမြို့နယ် ပင်လောင်းမြို့နယ် နေပြည်တော် |
မဟာမိတ် | မဟာမိတ်များ |
ပြိုင်ဘက် | မြန်မာ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ကယန်းပြည်သစ်ပါတီ (Script error: The function "langx" does not exist. , အတိုကောက် KNLP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ကယန်းပြည်သစ်တပ်မတော် ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းအစိုးရ တက်လာပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဖယ်ခုံမြို့နယ်ရှိ ဒေသခံခေါင်းဆောင်များက ဆည်တည်ဆောက်ရေး ကန့်ကွက်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။[၄] ၁၉၆၄ ခုနှစ် မေလတွင် ဦးနေဝင်းအစိုးရသည် ကြိုတင်သတိပေးခြင်းမရှိဘဲ ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ဖျက်သိမ်းခဲ့သည်။[၅]
၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖယ်ခုံမြို့နယ်မှ ရွာသားများက ဦးနေဝင်းအစိုးရအား ဆန့်ကျင်ကာ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။[၆] ပထမဆုံး လက်နက်ကိုင်အဖွဲ့ကို ဂျပန်ဆန့်ကျင်ရေးသမားဟောင်း ဗိုလ်ပျံက ဦးဆောင်ခဲ့သည်။[၇] ယင်းနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဦးရွှေအေး ပါဝင်လာပြီးနောက် ကယန်းပြည်သစ်ပါတီကို စတင်ဖွဲ့စည်းခဲ့သည်။[၅][၂]
တန်ဖိုးရှိ ငွေစက္ကူများကို အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက်တွင် လက်နက်ကိုင် ကြိုးပမ်းမှုသည် ဖြစ်ပေါ်လာခဲ့သည်ဟု Lintner (၁၉၉၄) က ဆိုသည်။[၅] သို့သော် အချို့က ဆည်တည်ဆောက်ရေး ကန့်ကွက်လှုပ်ရှားမှုမှ KNLP စတင်ဖွဲ့စည်းခဲ့သည်ဟုလည်း ဆိုကြသည်။[၄][၈]
အစောပိုင်းတွင် KNLP သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ အမျိုးသားဒီမိုကရက်တစ်တပ်ဦးကို ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။[၉] သို့သော် ၁၉၇၇ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ညှိနှိုင်းရန် အမျိုးသားဒီမိုကရက်တစ်တပ်ဦးမှ KNLP နုတ်ထွက်ခဲ့သည်။ KNLP ထိန်းချုပ်နယ်မြေများသည် နယ်စပ်ဒေသနှင့် အလှမ်းဝေးကာ နိုင်ငံခြားအကူအညီ ဝေးကွာသဖြင့် ၁၉၇၉ ခုနှစ်တွင် ဗကပ နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။[၁၀] ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ ရှမ်းပြည်အမျိုးသားလွတ်မြောက်ရေးအဖွဲ့နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။[၁၁]
၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲခဲ့ချိန်တွင် KNLP အတွင်း ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ကာ ကယန်းအမျိုးသားစောင့်တပ်ဖွဲ့သည် အင်အား ၆၀ ခန့်နှင့် KNLP မှ ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ညှိနိုင်းခဲ့သည်။[၁၁][၁၂] ထိုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် KNLP သည် အမျိုးသားဒီမိုကရက်တစ်တပ်ဦးတွင် ပြန်လည်ပါဝင်ခဲ့သည်။ [၅]
မဟာမိတ်အဖွဲ့အား ဆုံးရှုံးပြီးနောက် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် KNLP သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကာ ကယားပြည်နယ် အထူးဒေသ ၃ ကို ထိန်းချုပ်အုပ်ချုပ်ခွင့် ရရှိခဲ့သည်။[၁၁] သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ခွင့်များကိုလည်း ရရှိခဲ့သည်။[၁၁]
သို့သော်လည်း KNLP နှင့် စစ်အစိုးရတို့အကြား ဆက်ဆံရေးမှာ မတည်ငြိမ်ခဲ့ပေ။ ဝီကီလိခ်မှ ထုတ်ဖော်ခဲ့သော စာတမ်းတစ်ခုတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက 'အေးချမ်းဖြိုးကောင်စီနှင့် ဆက်ဆံရေးမှာ ပူလိုက်၊ အေးလိုက်' ဟု ဖော်ပြခဲ့သည်။[၁၃]
၂၀၀၅ ခုနှစ်တွင် တပ်မတော်သည် ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုကို KNLP ထိန်းချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည်။[၃]
အပစ်အခတ် ရပ်စဲပြီးနောက် KNLP သည် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကာ ပြည်သူ့စစ်အသွင် ဖြစ်လာခဲ့သည်။[၁] ၂၀၀၉ ခုနှစ်တွင် KNLP အား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် စစ်အစိုးရက ဖိအားပေးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် KNLP သည် ပြည်သူ့စစ်အဖွဲ့သို့ ကူးပြောင်းကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြောဆိုခဲ့သော်လည်း KNLP က ငြင်းဆိုခဲ့သည်။[၁၄]
အစောပိုင်းတွင် KNLP သည် ဆွေးနွေးရမည့်အဖွဲ့ဟု အစိုးရက သတ်မှတ်ခဲ့ကာ အမျိုးသားညီလာခံသို့ ဖိတ်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတို့မှ ဖယ်ကြဉ်ခံရသည်။[၁၅][၁]
KNLP သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ ၂၀၁၅ နိုဝင်ဘာလတွင် ပန်ဆန်းမြို့၌ ပြုလုပ်ခဲ့သော ပန်ဆန်းညီလာခံသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့အနက်မှ တစ်ဖွဲ့အပါအဝင် ဖြစ်သည်။[၁၆]
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် KNLP သည် တော်လှန်ရေးအဖွဲ့များနှင့် လျှို့ဝှက်ပူးပေါင်းကာ သင်တန်းများ ပေးခဲ့သည်။[၁၇] ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို လွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။[၁၈]
၂၀၂၁ ခုနှစ် မေလတွင် KNLP နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆောင်နန်းခဲရွာရှိ တပ်မတော်စစ်ကြောင်းနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။[၁၉]
၂၀၂၂ ခုနှစ် မတ်လတွင် အခြားပြည်သူ့စစ်အဖွဲ့များကဲ့သို့ပင် ပါတီ၏ လက်နက်များအား တပ်မတော်က ထောက်ပံ့ပေးထားသည့်အတွက် တပ်မတော်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေဆဲ ဖြစ်သည်။[၂၀] သို့သော်လည်း KNLP ၏ ရှေ့တန်းစခန်းများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခံနေရဆဲ ဖြစ်သည်။[၂၁][၂၂] စစ်ကောင်စီအား ဒေသတွင်းတော်လှန်ရေးများက တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်ပါတီကြောင့် အခက်အခဲဖြစ်ရသည်ဟု ဆိုသည်။[၂၃]
၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် KNLP ဦးဆောင်သော ကယန်းအမျိုးသားပညာရေးကော်မတီသည် ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်တွင် ဆရာဖြစ်သင်တန်းများ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ ကယန်းစာပေနှင့် ဘာသာစကားများကို သင်ကြားသွားမည် ဖြစ်သည်။ ထို့အပြင် သဘာဝသိပ္ပံ၊ စီးပွားရေး၊ ဥပဒေနှင့် အင်ဂျင်နီယာဘာသာရပ်များကိုလည်း သင်ကြားပေးမည် ဖြစ်သည်။[၂၄]
<ref>
tag; no text was provided for refs named FM2020
You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist