ကောလိယတိုင်း | |
---|---|
![]() | |
![]() | |
မြို့တော် | ရာမဂါမ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ ဂျိန်းဘာသာ |
အစိုးရ | သာကီဝင်မင်းမျိုးမင်းနွယ်များမှ အုပ်ချုပ်သည့် စနစ် |
ကောလိယတိုင်းမှာ မြတ်စွာဘုရားလက်ထက်တော်၌ များစွာသော သုတ်၊ ဝိနည်း ဒေသနာတော်မြတ် ဟောကြားပညတ်တော်မူရာ ဌာနဖြစ်သည့်အပြင် ရှေးသာကိယဇာတ် ဖြစ်လတ်စဉ်အခါကလည်း သက္ကတိုင်း၊ ကောလိယတိုင်း၊ ဒေဝဒဟတိုင်း ဟု သာကီဝင် ၃-တိုင်း ကွဲပြားလာခဲ့ကြကြောင်း ပိဋကတ်ကျမ်းဂန်များတွင် ထင်ရှားကုန်၏။ သို့ရာတွင် မြတ်စွာဘုရားလက်ထက်တော်၌မှာမူ ဒေဝဒဟတိုင်းသည် တိုင်းတစ်ခုအဖြစ် အသီးအခြား မင်းများ အုပ်ချုပ်စိုးစံလျက် ၎င်း၏မြို့တော်မှာ ရာမဂါမဖြစ်ကြောင်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဓာတ်တော်များ တောင်းဆိုရာ၌ ၎င်းတို့လည်း မင်းမျိုးများဖြစ်ကြောင်း မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ရယူပူဇော်ထိုက်ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ လာသဖြင့် သာ၍ထင်ရှား၏။[၁]