စင်ကာပူ ဟု မြန်မာနိုင်ငံရှိ လက်ဖက်ရည်ဆိုင်များတွင် ခေါ်ဝေါ်လေ့ရှိသော လက်ဖက်ရည်နှင့် ကော်ဖီ ရောနှောထားသော သောက်စရာ တစ်မျိုးမှာ အမှန်တကယ်တော့ စင်ကာပူတွင် သောက်သုံးလေ့ရှိသော သောက်စရာ မဟုတ်ဘဲ ဟောင်ကောင်မှ ယွမ်ယွမ်း ဟု ခေါ်သော သောက်စရာ တစ်မျိုးဖြစ်သည်။ မလေးရှားတွင် ကိုပီချမ်း ဟု ခေါ်သည်[၁]။ ကော်ဖီ၏ အပိုင်း ၃ပိုင်းနှင့် ဟောင်ကောင်စတိုင်လ် လက်ဖက်ရည်၏ အပိုင်း ၇ ပိုင်း တို့ဖြင့် ရောနှောဖျော်စပ်ထားသည်။ အပူသို့မဟုတ် အအေး သောက်သုံးနိုင်သည်။[၂]