![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
Archidendron pauciflorum | |
---|---|
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | ဖယ်ဘေးစီး |
မျိုးရင်းသေး: | Mimosoideae |
မျိုးစု: | Archidendron |
မျိုးစိတ်: | A. pauciflorum
|
ဒွိနာမ | |
Archidendron pauciflorum (Benth.) I.C.Nielsen
| |
Synonyms | |
|
တညင်းသီး( Djenkol Bean )၏ Scientific အမည်သည် Archidendron pauciflorum ဖြစ်သည်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့လူကို ဒုက္ခပေး နိုင်တဲ့အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။[၁] တညင်းသီးဟာ အဆိပ်အတောက်ရှိတဲ့ အသီးဖြစ်ပါတယ်။ တညင်းသီးတောက်တာကို Djenkilism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင် နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးတောက်မှု အများဆုံးတွေ့ရပါတယ်။ တညင်းသီးပေါတဲ့ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် တညင်းသီးတောက်မှုမှ အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင် သေတတ်ပါတယ်။
တညင်းပင်ကို မြန်မာနိုင်ငံအောက်ပိုင်း မြေနိမ့်ပိုင်းရှိ သစ်တောများ၌ တွေ့နိုင်သည်။ အများအားဖြင့် ပိန္နဲပင်၊ မရမ်းပင်တို့နှင့်ရော၍ ပေါက်တတ်သည်။ ရုက္ခဗေဒအလိုအားဖြင့် 'ပစ်သီကိုလိုဗီယမ် လိုဗေတမ်'ဟု ခေါ်၍၊ 'လီဂူမီနိုးစီအီး'မျိုးရင်းတွင်ပါဝင်၏။ စိုစွတ်သော အရပ်များ၌သာ ဖြစ်ထွန်းသော အပင်မျိုးဖြစ်၏။ အပင်အမြင့်ပေ ၄ဝ အထိရှိ၍၊ ပင်စည်လုံး ပတ် ၄ ပေဖြစ်စေ၊ ၅ ပေဖြစ်စေရှိသည်။ အများအားဖြင့် ပင်စည်မှာ ကောက်ကွေးလျက်ရှိတတ်သည်။ အကိုင်းအရွက်များ ဝေဆာစွာပေါက်သည်။ တညင်းသီးတွင် အခွံမာများရှိသဖြင့် ထိုအခွံမာကို ထုခွဲ၍ အသီးအဆံကို ထုတ်ယူကြရသည်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတွင် တညင်းသီးကို ပြုတ်၍စားသကဲ့သို့ အစိမ်းလည်း စားကြသည်။[၂]
မြန်မာလူမျိုးများအဖို့ တညင်သီးသည် တို့စရာကောင်းတလက်ဖြစ်၏။ အရွက်နုများကိုပင် တို့စရာအဖြစ် စားလေ့ရှိကြ၏။ တညင်းသီးနုနုကလေးများကိုလည်း ရေစိမ်၍ အစိမ်းလိုက် ငပိနှင့်တို့စားလေ့ရှိ၏။ တညင်းသီးကို အစိမ်းလိုက်စားရာ၌ ဦးစွာရေမစိမ်ထားလျှင် အရသာမှာ စပ်ရှားရှားရှိ၏။ (ယင်းကို ပါးအာသည်ဟုဆို၏။) အသီးရင့်များကို ပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း၊ ဆားရေစိမ်၍လည်ကောင်း စားသုံးကြသည်။ တညင်းသီးများကို ပြုတ်၍ ပြားအောင်ထုပြီးလျှင် အုန်းနို့ဆမ်းကာစားရသည်။
ထို့ပြင် တညင်းသီးအရင့်များကို ရေဖျန်းပေးလျှင်လည်းကောင်း (သို့မဟုတ်) ရေစိုနေသော မြေ၌မြှပ်ထားလျှင်လည်းကောင်း အသီးသည် အလုံးကြီးလာပြီးလျှင် အစိမ်းရောင်သန်းလာ၏။ ဤကဲ့သို့သော တညင်းသီးကို တညင်းဝက်ဟု ခေါ်သည်။ ဤအတိုင်း ဆက်၍ထားလိုက်လျှင် အညှောင့်ထွက်၍ အပင်ပေါက်လာသည်။ တညင်းဝက်ကို မီးဖုတ်၍ တို့စရာအဖြစ် စားကြ၏။ တညင်း သီးကိုစားလျှင် ဆီးရွှင်သည်ဟု အယူရှိသဖြင့် ဆီးချိုရောဂါအတွက် တညင်းသီးသည် ဆေးကောင်းတလက် ဖြစ်သည်ဟုဆိုသည်။
တညင်းသားသည် မွဲပြာရောင်ဖျော့ဖျော့ဖြစ်၏။ ကျစ်လျစ်၍ လေးလံသော သစ်သားမျိုးဖြစ်သည်။ ကုဗပေ တစ်ပေလျှင် အလေးချိန် ၃၃ ပေါင်စီး၏။ ရုက္ခဗေဒအလိုအားဖြင့် မျိုးချင်း မတူသော်လည်း၊ အရပ်အခေါ်အားဖြင့် တညင်းဖိုပင်၊ တညင်းရွေးပင်၊ တညင်းနီပင်(ဝါ) ကျွဲတညင်းပင်ဟုခေါ်သော အပင်များလည်း ရှိသေးသည်။[၃] ကျွဲတညင်းသီးအပြင် ရွှေဝါတညင်းသီး၊ စာကလေးတညင်းသီးများလည်း ရှိသေးသည်။
တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျူးကတော့ အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ့ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ့ တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန့်ထုတ်ဖို့ကြိုးစားရပါတယ်။ ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျူးရဲ့တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့ တတ်ပါတယ်။ နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျူးတွေကထိုးလို့ သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံး၀သွားလို့ မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။
တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့ အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည့်၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့အခါတစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီးတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရာယ်တော်တော်လျော့သွားမှာပါ။ တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့ 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော့ အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ် လို့ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။
တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်ါထုတ်ပြန်ရေးသားထားတာတွေလည်း ရှိပါတယ်လိုါဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။[၄]