ဖလမ်း | |
---|---|
ဖလမ်းချင်း | |
Laiṭawng | |
ဒေသခံ | မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ |
ဒေသခံ ပြောဆိုသူများ | (၁၀၇၀၀၀ ရည်ညွှန်း ၁၉၈၃–၂၀၀၁)[၁] |
တရုတ်-တိဗက်နွယ်
| |
ဒေသိယစကား |
|
ဘာသာစကားကုဒ်များ | |
ISO 639-3 | cfm |
Glottolog | fala1243 [၂] |
ဖလမ်းဘာသာစကား (ဖလမ်းချင်း၊ Baro Halam ဟုလည်း သိကြ) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ပြောဆိုကြသော ကူကီးဘာသာစကားတစ်ခု ဖြစ်သည်။
ဖလမ်ချင်းဘာသာစကားသည် အထူးသဖြင့် ဟားခါး (လိုင်) ကဲ့သို့သော အလယ်ပိုင်းချင်းဘာသာစကားများနှင့် အတော် နီးစပ်သည်။[၃]
ဖလမ်းချင်းများသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး သမ္မာကျမ်းစာကို ဖလမ်းချင်းဘာသာသို့ ပြန်ဆိုထားပြီး ဖြစ်သည်။
Ethnologue တွင် အောက်ပါတို့ကို ဖလမ်းချင်းဘာသာစကား၏ ဒေသိယစကားအဖြစ် စာရင်းပြုထားသည်။
Ethnologue တွင် ၁၉၈၃ ခုနှစ် စာရင်းများအရ ဖလမ်းချင်းစကားပြောဆိုသူဦးရေမှာ ၉,၀၀၀ (တိုင်ချွန်း)၊ ၁၆,၀၀၀ (ဇန်ညှပ်)၊ ၇,၀၀၀ (ခွာဆင်းမ်)၊ ၄,၀၀၀ (ဂွေးတဲ)၊ ၁၄,၄၀၀ (ဇာဟောင်) နှင့် ၁၈,၆၀၀ (လိုင်ဇို) တို့ ဖြစ်ကြသည်။
ဖလမ်းချင်းဘာသာစကားကို ရောမပုံစံ သို့မဟုတ် အင်္ဂလိပ်အက္ခရာများ ဖြင့် ရေးသားသည်။ သို့သော် Q, Y, J နှင့် X တို့ မပါဝင်ပေ။ ဗျည်းအက္ခရာ ṭ (t with dot) နှင့် ng (လည်ချောင်းသံ) နှင့် aw သရများကို အရေးနှင့် အပြော နှစ်မျိုးစလုံးတွင် အသုံးပြုကြသည်။
ဗျည်းများမှာ - b c d f g h j k l m n p r s t ṭ v z တို့ ဖြစ်ပြီး သရများမှာ -
တို့ ဖြစ်သည်။
ဖလမ်းချင်းဘာသာစကားတွင် အပြောအတွက် သရ ငါးမျိုးရှိသော်လည်း အရေးအတွက် သရ ၆ မျိုးဖြစ်သည်။[၄]
ဤ တရုတ်-တိဗက်နွယ် ဘာသာစကားများ နှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
![]() | ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |