မြန်မာနိုင်ငံတွင် ပထမဆုံးသော အင်တာနက်အဆက်အသွယ်များကို ၂၀၀၀ ခုနှစ်ကတည်းက အသုံးပြုနေပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ အစပိုင်းတွင် အင်တာနက်ဆင်ဆာဖြတ်သည်များကို သိသိသာသာပင် ဖြေလျော့ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ မတိုင်ခင်က တပ်မတော်အစိုးရသည် ဆော့ဖ်ဝဲကို အခြေခံသည့် ဆင်ဆာပြုလုပ်ခြင်းဖြင့် အင်တာနက် ဆက်သွယ်မှုများကို ထိန်းချုပ်ကန့်သတ်ရန် ပြုလုပ်ခဲ့သည်။[၁] ၂၀၁၅ ခုနှစ်တွင် အင်တက်နက်အသုံးပြုသူအရေအတွက်သည် ၁၂.၆% တိုးတက်လာခဲ့သည်။ ထိုအချိန်တွင် မိုဘိုင်းအင်တာနက်သည် 3G အင်တာနက်ကို ရနေပြီ ဖြစ်သည်။ အင်တာနက်ကို ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် တယ်လီနော၊ အမ်ပီတီ၊ အူရီဒူးတို့က ထောက်ပံ့ပေးထားကြသည်။[၂][၃] ၂၀၁၇ ခုနှစ်တွင် တပ်မတော်မှ ရှယ်ယာထည့်ဝင်ထားသော မိုင်တဲမှာလည်း အင်တာနက်ဝန်ဆောင်မှု ပေးသည့်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။[၄]
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကောင်စီမှ အင်တာနက်အသုံးပြုမှုများကို ဆင်ဆာဖြတ်တောက်မှုများ ပြန်လည်ပြုလုပ်လာခဲ့သည်။ ထို့အပြင် အင်တာနက်ကာဖျူးဟုခေါ်သော ညဘက် အင်တာနက်ဖြတ်တောက်မှုများကိုလည်း ပြုလုပ်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ညတွင် နိုင်ငံတစ်ဝန်း မိုဘိုင်းအင်တာနက်နှင့် ဝိုင်ဖိုင်နည်းပညာသုံး အင်တာနက်ဖြန့်ဝေမှုတို့ကို အကန့်အသတ်မရှိဖြတ်တောက်ခဲ့သည်။[၅]
မြန်မာနိုင်ငံ၏ ထိပ်တန်းအဆင့် ဒိုမိန်းသည် .mm ဖြစ်သည်။[၆]
မြန်မာတယ်လီပို့ (ယခင် - ပုဂံဆိုက်ဘာတက်)[၇]၊ ရတနာပုံ တယ်လီပို့[၈]၊ သတင်းအချက်အလက်နည်းပညာဗဟိုဝန်တောင်မှုမျာ (ITCS)[၉], Red Link Communications, satellite internet provider Skynet[၁၀], Frontiir, နိုင်ငံပိုင် MPTနှင့် Kinetic Myanmar Technology[၁၁] တို့သည် အင်တာနက်ဝန်ဆောင်မှုပေးသူများ ဖြစ်ကြသည်။[၁၂][၁၃] ၂၀၁၁ ခုနှစ် မတိုင်ခင်က အင်တာနက်ကဖေးဆိုင်များသည် အသုံးပြုသူများအတွက် အခြေခံကျသည့် အသုံးပြုရာနေရာများ ဖြစ်ကြသည်။ အများစုသည် မတူညီသော ဆော့ဖ်ဝဲများကို အသုံးပြုပြီး အစိုးရ၏ proxy servers ကို ဖြတ်ကျော်ကာ အသုံးပြုကြသည်။[၁၄][၁၅] အင်တာနက်ကဖေးများတွင် အသုံးပြုမှုသည် ဈေးသက်သာသည့် မိုဘိုင်းအင်တာနက်များ သုံးစွဲနိုင်လာသည့်အခါ အသုံးပြုမှု ကျဆင်းလာခဲ့သည်။ သို့သော် အင်တာနက်ကဖေးဆိုင်များသည် လက်ရှိအချိန်အထိ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျယ်ပြန့်စွာ အသုံးပြုနေတုန်း ဖြစ်သည်။ ဘလော့ရေးသားခြင်းနှင့် အခြားသော မိုဘိုင်းကိရိယာများဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်သည့်၊ လုပ်ဆောင်ရန် ခက်ခဲသည့် ကိစ္စများအတွက် အသုံးပြုကြသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် FTTH နည်းပညာဖြင့် အင်တာနက်ပေးသည့်ကုမ္ပဏီများ တဖြေးဖြေးတိုးများလာခဲ့သည်။ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ တိုးများလာသည်နှင့် အမျှ အင်တာနက်အသုံးပြုခများမှာလည်း သိသာစွာ လျော့ကျလာခဲ့သည်။ ၂၀၂၁ စစ်အာဏာမသိမ်းမှီအထိ အင်တာနက်အသုံးပြုခသည် 1 MB ကို ၅ ကျပ်ဟုသတ်မှတ်ထားသော်လည်း ၉၉၉ကျပ် ၂၀၄၈၀မီကာဘိုက် ၁ ကျပ်ကို ၀.၀၄၈ MB နှင့် ညီမျှသော အင်တာနက်ပက်ကေ့များလည်းရှိခဲ့ပြီး(ooredoo myanmar)FTTH ဝန်တောင်ခများမှာလည်း 15 Mbps ကို လစဉ် အနည်းဆုံး ၂၀ ၀၀၀ ကျပ်ဖြင့်ရယူနိုင်သည်။
မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည် အလွန်ပင်နည်းသည်။ ထိုသို့ဖြစ်ရခြင်းမှာ အစိုးရ၏ တန်ဖိုးအခအပေါ်ရှိ ကန့်သန့်ချက်များနှင့် ရည်ရွယ်ချက်ရှိရှိ ဝန်ဆောင်မှုများ၊ အခြေခံအဆောက်အဦတို့ကို ချို့ယွင်းမှုကြောင့် ဖြစ်သည်။[၁၆] World Internet Stats ၂၀၁၂ ခုနှစ်၊ ဇွန်လရှိ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူ အရေအတွက်သည် ၅၃၄၉၃၀ ကျော်ရှိသည်။ နိုင်ငံ့စုစုပေါင်းလူဦးရေ၏ ၁ % ပမာဏ ဖြစ်သည်။ အရေအတွက်များသည့် အဓိကအသုံးပြုသူများသည် ရန်ကုန်နှင့် မန္တလေးမြို့များမှ ဖြစ်သည်။[၁၇] သို့သော် ၄၂ မြို့သည် အင်တာနက်အသုံးပြုလို့ ရသည်။ ရန်ကုန်နှင့် မန္တလေးမြို့ပြင်မှ အသုံးပြုသူသည် ၁၀၀၀၀ ကျော် ရှိသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံ၏ အင်တာနက်ဆက်သွယ်မှု ၄၀,၀၀၀ မှ အများစုသည် ADSL circuits များ ဖြစ်ကြသည်။ နောက်ပိုင်းတွင် dial-up, satellite terminal, and WiMax တို့ ဖြစ်လာကြသည်။ MPT က မန္တလေးတွင် fibre-to-the-home စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ ပုံစံတူ စမ်းသပ်မှုများလည်း ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။[၁၈] ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိက တယ်လီနောအသုံးပြုသူများ၏ ၅၅% ဖြစ်သည့် ၁၀ သန်းသော အသုံးပြုသူများသည် ဒေတာသုံးသူများ ဖြစ်သည်ဟု ပြောခဲ့သည်။[၁၉] မြန်မာနိုင်ငံရှိ အင်တာနက်သုံးသူများသည် အနည်းဆုံး ၅.၅ သန်းသို့ တိုးတက်လာသည်။ ကမ္ဘာ့အင်တာနက်စာရင်းကိန်းဂဏန်းများအရ အင်တာနက်အသုံးပြုသူများသည် နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။[၂၀]
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ မြန်မာနိုင်ငံတွင် ဘလော့ရေးသားခြင်းသည် လျင်မြန်စွာ ကြီးထွားလာသည့် အင်တာနက်အသုံးပြုမှု ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစတင်ကာ ၂၅ % တိုးတက်လာခဲ့သည်။[၂၁] ၂၀၀၉ ခုနှစ်တွင် သိပ္ပံနည်းကျမလုပ်ခဲ့ရသည့် လေ့လာမှုကမူ အောက်ပါအချက်အလက်များ တွေ့ရှိခဲ့သည်။[၂၂]