ရန်ယန်ကျောင်း | |||||||||||||||
ရိုးရာ တရုတ် | 楊延昭 | ||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 杨延昭 | ||||||||||||||
|
ရန်ယန်ကျောင်း
| |
---|---|
![]() ၁၈၉၂ခုနှစ်တွင်ပုံနှိပ်သော ရန်အိမ်တော် စစ်သူကြီးများ ဒဏ္ဍာရီ (楊家將傳) ဝတ္ထုမှ[၁]
| |
ကိုယ်ရေးရာဇဝင် အသေးစိတ် | |
ဖွားမြင် | ၉၅၈ ယနေ့ခေတ် ထိုက်ယွမ်မြို့၊ စန်းရှီးပြည်နယ် |
ကွယ်လွန် | ယနေ့ခေတ် ပေါင်တင့်မြို့၊ ဟီပေပြည်နယ် | ၉ ဖေဖော်ဝါရီ ၁၀၁၄ (အသက် ၅၆)
သားသမီး |
|
ဖခင် | ရန်ယဲ့ |
အမည် အပြည့်အစုံ | မျိုးရိုးနာမည်: လျို (劉)မှ ၉၇၉ခုနှစ်တွင် ဖခင်နှင့်အတူ ဖခင်၏မူလမျိုးရိုးနာမည် ရန်(楊)သို့ ပြောင်းလဲခဲ့
ကိုယ်ပိုင်နာမည်: ယန်လန် (延朗)မှ ၁၀၁၂ခုနှစ်တွင် ယန်ကျောင်း (延昭) သို့ ပြောင်းလဲခဲ့ |
နာမည်ပြောင် | "ရန်ဆဌမသားတော်" ရန်လျို့လန် (楊六郎) |
ရန်ယန်ကျောင်း | |||||||||||||||
ရိုးရာ တရုတ် | 楊延昭 | ||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 杨延昭 | ||||||||||||||
|
ရန်ယန်ကျောင်း (楊延昭) (c. ၉၅၈ – ၉ ဖေဖော်ဝါရီ ၁၀၁၄) ၁၀၁၂ မတိုင်ခင်က ရန်ယန်လန် (楊延朗) အမည်တွင်သူသည် ရှေးတရုတ်လက်နက်နိုင်ငံ မြောက်ပိုင်းစုန့်မင်းဆက်၏ စစ်သူကြီးတစ်ဦးဖြစ်သည်။ ၎င်းသည် စုန့်မင်းဆက်၏ မြောက်ပိုင်းနယ်စပ်ကို ချိတန်းလူမျိုး အုပ်စိုးသော လျောင်မင်းဆက်ရန်မှ ဆယ်စုနှစ် ၂ခုစာမျှ ကာကွယ်ပေးခဲ့ပြီး သက္ကရာဇ် ၉၉၉ နှင့် ၁၀၀၄ ခုနှစ်တို့အကြား လျောင်တို့၏ ထပ်တလဲလဲ ကျူးကျော်စစ်ကို စုန့်တို့ခံစစ်ဆင်ရာတွင်လဲ အထောက်အကူပြုခဲ့သည်။
သူသည် ရန်ယဲ့၏ သား ၇ ယောက်အနက်မှ တစ်ဦးဖြစ်သည်။ စုန့်မင်းဆက်ရာဇဝင်တွင် ၎င်းကို ရန်လျို့လန် (楊六郎 တိုက်ရိုက် "ရန်ဆဌမသားတော်")ဟူ၍ ဖော်ပြထားပြီး ချိတန်းတို့ကြောက်ရွံ့ရသူ ဟုဆိုသည်။ စိတ်ကူးပုံဖော်ထားသော ရန်အိမ်တော်စစ်သူကြီးများ မဟာဒဏ္ဍာရီဇာတ်လမ်းများတွင် ရန်ယန်ကျောက်ကို ရန်ယဲ့၏ ဆဌမမြောက်သား အဖြစ်ပုံဖော်ထားခြင်းမှာ ဤနာမည်ပြောင်ကိုဖြေရှင်းရန်ဖြစ်သည်။ [၂] သို့ရာတွင် သမိုင်းသုတေသီများက ၎င်းသည် အကြီးဆုံး သို့မဟုတ် ဒုတိယသားဖြစ်မည်ဟု ယုံကြည်ကြသည်။
ရန်ယန်ကျောင်း၏ ကိုယ်ပိုင်နာမည်သည် မူလက ယန်လန်(延朗) ဖြစ်သည်။ ကလေးဘဝတွင် တိတ်ဆိတ်ငြိမ်သက်သူဖြစ်သော်လည်း စစ်ရေးဗျူဟာကစားပွဲများကို နှစ်ခြိုက်သူဖြစ်သည်။ ထင်ရှားသောစစ်သူကြီးတစ်ဦးဖြစ်သော သူ့ဖခင် ရန်ယဲ့ (ထိုစဉ်က လျိုကျိယဲ့ဟုတွင်နေဆဲ)က ယန်လန်သည် သူနှင့်တူကြောင်း မှတ်ချက်ပေးဖူးပြီး စစ်ဆင်ရေးများသို့ အတူခေါ်သွားလေ့ရှိသည်။ [၃]
သက္ကရာဇ် ၉၈၆ ခုနှစ်တွင် စုန့်တပ်မတော်သည် ချိတန်းလူမျိုးအုပ်စိုးသောလျောင်မင်းဆက်လက်အောက်တွင်ရှိသော ဆယ့်ခြောက်စီရင်စုဒေသကို သိမ်းပိုက်ရန် ကြီးမားသော မြောက်ပိုင်းစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။ ရန်(ယန်ကျောင်း)သည် ဖခင် ရန်ယဲ့၏တပ်များ ယင်းစီရင်စု နှင့် စို့စီရင်စု တို့ကို တိုက်ခိုက်ရာတွင် တပ်ဦးစစ်သူကြီးအဖြစ် ဦးဆောင်ခဲ့သည်။ စို့စီရင်စု ကို တိုက်ခိုက်စဉ် လက်မောင်းတွင် မြှားထုတ်ချင်းပေါက်ဒဏ်ရာရထားသော်လည်း ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ သူ့ဖခင်ကျဆုံးပြီးနောက်တွင် ဂုဏ်ပြုအခမ်းအနား၏ ဒုတိယကော်မရှင်နာ (崇儀副使) အဖြစ် ခန့်အပ်ခံရပြီး ကျင်းစီရင်စုသို့ ပြောင်းရွှေ့ခံရသည်။ ထို့နောက်ပိုင်းနှစ်များတွင် ချန်ကျန်းမြစ် နှင့် ဟွိုင်မြစ် ရေဘေးပြန်လည်ထူထောင်ရေးတွင် ထောက်ပံ့ရေးခွဲတမ်းချလုပ်ငန်းများကို ကြီးကြပ်ရန် ဟွိုင်နမ်မြို့တွင် တာဝန်ကျပြီး နောက်ဆုံးတွင် စုန့်နယ်စပ်ရှိ ပေါင်ကျိုးဒေသတွင် မြို့တော်စစ်ဆေးရေးမှူး (都巡檢使) အဖြစ် ခန့်အပ်ခံရပြီး သူကွယ်လွန်သည်အထိ နေထိုင်သွားခဲ့သည်။[၃]
နယ်စပ်တွင်မူ ရန်(ယန်ကျောင်း)သည် ဖခင်၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသည့် အနေဖြင့် (သူ့ကိုယ်သူ) စံနမူနာကောင်းများထားပြခြင်းဖြင့် သူ့ရဲမက်များတွင် စည်းကမ်းခိုင်မာမှုရှိအောင် ပြုစုပျိုးထောင်သည့်ခဲ့သည်။ သူ့ရာထူး(နှင့်မလိုက်ဖက်စွာ)တွင် အခိုင်းအစေနှင့် အပေါင်းအသင်း အနည်းငယ်သာထားပြီး သူ၏ စစ်သည်များနှင့် တန်းတူဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြခဲ့သည်။ [၃] သူသည် နယ်စပ်ဒေသတွင်အခြားရဲရင့်သော စစ်သူကြီး ရန်စစ် (楊嗣) နှင့် အပေါင်းအသင်းကျခဲ့ပြီး (မျိုးရိုးတူသော်လည်း ဆွေမျိုးမတော်ပါ) ဒေသခံပြည်သူများက "ရန် နှစ်ပါး"ဟု သူတို့နှစ်ယောက်ကို တဖြည်းဖြည်း ခေါ်ဝေါ်လာကြသည်။ [၄]
သက္ကရာဇ် ၉၉၉ ခုနှစ် ဆောင်းရာသီတွင် ရန်(ယန်ကျောင်း)သည် ဆွေ့ချန် (遂城 ယနေ့ခေတ် ရွှီဆွေခရိုင် တွင် ရှိနေသေးသည်) ဟူသော မြို့ငယ်လေးတစ်ခုကို စောင့်ကြပ်နေစဉ် ကျူးကျော်လာသော လျောင်တပ်မတော်သည် မြို့ကိုဝန်းရံကာ တရပ်စပ်တိုက်ခိုက်နေခဲ့သည်။ လျောင်တို့၏ ဩဇာတိက္ကမကြီးမားသော မယ်တော်မိဖုရားကြီး ရှောင်းချော့ ကိုယ်တိုင် မြို့သိမ်းတိုက်ပွဲကို ဦးစီးကွပ်ကဲခဲ့သည်။ မြို့တွင်းတွင် လက်နက်၊ရိက္ခာ စသောအရင်းအမြစ်များ အလွန်နည်းပါးသဖြင့် အင်းအားနည်းပါးလှသော ရန်ရဲမက်များ တစ်နေ့တခြား ထိတ်လန့်လာကြသည်။ ရန်ယန်ကျောင်းသည် မြို့စီးပြစီးတက်ရန် တပ်ဖွဲ့အင်အားဖြည့်သည့်အနေဖြင့် မြို့နေလူထုမှ သန်မာသော အမျိုးသားများအား အလျင်အမြန်စုဆောင်း၍ လက်နက်နှင့်ချပ်ဝတ်များတပ်ဆင်ပေးသည်။ သူသည် ရဲမက်များအားလည်း မြို့၏ခံတပ်တံတိုင်း အပြင်ဖက်များကို ရေလောင်းရန် အမိန့်ပေးသည်။ ရာသီဥတုမှာရေခဲအောင်အေး၍ (လောင်းလိုက်သော)ရေများသည် မြန်ဆန်စွာပင် ရေခဲဖြစ်သွားသဖြင့် လျောင်တပ်သားများ ခံတပ်တံတိုင်းပေါ် တွယ်တက်ရန်ကြိုးစား၍ မဖြစ်နိုင်ပေ။ နောက်ဆုံး လျောင်တပ်များ ဆုတ်ခွာရန်မှတပါး အခြားမရှိ၍ဆုတ်ရစဉ် ရန်ယန်ကျောင်းနောက်မှလိုက်တိုက်သဖြင့် ချပ်ဝတ်များစွာသိမ်းဆည်းရရှိသည်။ [၅]
ထိုအောင်ပွဲသတင်းကို ရဲမက် ၈၀,၀၀၀ အုပ်ချုပ်ရသော ဒေသခံတပ်မင်းကြီး ဖုချန် (傅潛)က စုန့်ဧကရာဇ် ကျန်းကျုံးကို ဦးစွာတွင် တင်ပြခြင်းမရှိဘဲ ထိမ်ချန်ထားခဲ့သည်။ ရှုံးနိမ့်မည်ကို ကြောက်လန့်သဖြင့် ဖုချန်သည် ကျူးကျော်လာသောလျောင်တပ်မတော်ကို ရင်မဆိုင်ရအောင် အသည်းအသန်ရှောင်ပုန်းနေခဲ့သည်။ ယခင်က "ရန် နှစ်ပါး"နှင့်အခြားစစ်သူကြီးများက စစ်သည်တပ်ကူတောင်း၍ တိုက်မိန့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုပါသော်လည်း ဖုချန်က အမြဲလိုပင် ရိုင်းစိုင်းစွာအော်ငေါက်လွှတ်လေ့ရှိသည်။ [၆] ဧကရာဇ် ကျန်းကျုံး ကြားသိရသောအခါ ဖုချန်ကို ရာထူးမှနှုတ်ပယ်၍ ရန်ယန်လန်ကို ဆင့်ခေါ်စေသည်။ ရန်ယန်လန်က နယ်စပ်မှအခြေအနေများကို လျှောက်တင်ပြီး မေးမြန်းသမျှကို ဧကရာဇ်ကျေနပ်အောင် ပြန်လည်ဖြေကြားနိုင်ခဲ့သည်။ [၃] နှစ်ထောင်းအားရစွာဖြင့် ဧကရာဇ် ကျန်းကျုံးက မင်းသားများစွာကို ဤသို့ဆိုသည် "ယန်လန်၏ဖခင်သည် ယခင်ဧကရာဇ်၏ နာမည်ကျော်စစ်သူကြီးဖြစ်ခဲ့သည်။ ယခုမူ ယန်လန်သည် သူ့ဖခင်ကဲ့သို့ နယ်စပ်ကိုကာကွယ်ပြီး တပ်များကိုကွပ်ကဲနေလေပြီ။ အတိုင်းထက်အလွန်ချီးမွမ်းထိုက်ပေသည်။" [၇] ရန်ယန်လန်ကို မော့စီရင်စု (莫州 ယနေ့ခေတ် မောက်စီရင်စု)၏ ဒေသ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ပြီး ဆုလာဘ်များစွာချီးမြှင့်လိုက်သည်။ ပြုနေကျထုံးစံအတိုင်းပင် ထို ဆုလာဘ်များကို မိသားစုထံယူသွားမည့်အစား သူ၏ရဲမက်များကို ခွဲဝေပေးခဲ့သည်။[၃]
ဆောင်းရာသီတွင် လျောင်တပ်များ ထပ်မံကျူးကျော်လာသောအခါ ရန်ယန်လန်သည် ပြန်လှန်တိုက်ခိုက်ခဲ့သော်လည်း တဆုတ်ချည်းဆုတ်ပေးနေရပြီး နောက်ဆုံးတွင် ရန်သူများကို ချုံခိုတိုက်ရန် ထောင်ချောက်ဆင်ထားသော တောင်တန်းထူထပ်သည့်ဒေသ ယန်စန်း (羊山 ယနေ့ခေတ် ရွှီဆွေခရိုင်)၏ အနောက်ဖက်သို့ ဆွဲဆောင်ကျုံးသွင်းလာသည်။ လျောင်တပ်ကြီးတစ်ခုလုံး အပြီးသတ်ချေမှုန်းခံရပြီး ရန်ယန်လန်သည် လျောင်စစ်သူကြီး၏ ခေါင်းပြတ်ကို ဧကရာဇ် ကျန်းကျုံးအား ဆက်သနိုင်ခဲ့သည်။ ရန်စစ်နှင့်အတူ ရန်ယန်လန်သည် ၁၀၀၁ခုနှစ်တွင် တပ်မတော်လေ့ကျင့်ရေးမှူးချုပ်(團練使)အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။ ဧကရာဇ် ကျန်းကျုံးသည် ဝန်ကြီးများကို မိန့်ခွန်းခြွေရာတွင် "ရန် နှစ်ပါး"၏ စရိုက်လက္ခဏာကို သစ္စာတည်၍ သူရသတ္တိနှင့်ပြည့်စုံသူများဟု မိန့်သည့်အပြင် "တော်ဝင်ရုံးတော်တွင် များစွာသောပုဂ္ဂိုလ်တို့သည် ၎င်းတို့အား မနာလိုဝန်တိုဖြစ်နေကြသော်လည်း (ငါကိုယ်တော်၏) အာဏာဖြင့် ၎င်းတို့အား ကာကွယ်ပေးရလိမ့်မည်။" ဟူ၍ ထပ်ဆောင်းခဲ့သည်။ [၈] ၁၀၀၂ခုနှစ်တွင် ဝန်းရံလုပ်ကြံခံနေရသော ပေါင်ကျိုး သို့ စစ်ကူသွားရာတွင် လမ်းခုလတ်၌အတိုက်ခံရသဖြင့် စစ်သည်များစွာကျဆုံးခဲ့ရသော်လည်း ဧကရာဇ် ကျန်းကျုံးက ခွင့်လွှတ်ပေးခဲ့ပြီး "(သင်းတို့၏) ရဲစွမ်းသတ္တိသည် ကျော်ကြားပြီးဖြစ်သည်။ (ငါကိုယ်တော်) သင်းတို့၏ အနာဂတ်အောင်မြင်စွမ်းဆောင်နိုင်မှုများကို စောင့်စားနေမည်" ဟု မိန့်တော်မူသည်။ [၉]
၁၀၀၄ ခုနှစ်တွင် လျောင်မင်းဆက်သည် တောင်ပိုင်းသို့ကျူးကျော်စစ်စတင်ခဲ့ပြီး ချန်စီရင်စု (ယနေ့ခေတ် ဖူရန်)တွင် စုန့်တပ်မတော်နှင့် မတိုးသာ မဆုတ်သာဖြစ်နေခဲ့သည်။ ဧကရာဇ် ကျန်းကျုံးကိုယ်တော်တိုင် ရှေ့တန်းသို့ကြွလာပြီး စုန့်ရဲမက်များ၏ ရဲစိတ်ရဲမာန်တက်ကြွလာအောင် အားပေးခြင်းပြုသည်။ လျောင်တို့ဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးလိုသော်လည်း ရန်ယန်ကျောင်းက ဆန့်ကျင်၍ သူ၏ခိုင်မာသောယူဆချက်ကို ဤသို့ထုတ်ဖော်ခဲ့သည်။ "ယခု ချိတန်း(လျောင်)တို့သည် ချန်စီရင်စုတွင် မတိုးသာ မဆုတ်သာဖြစ်နေပြီး မြောက်ပိုင်းမှ ၎င်းတို့အိမ်နှင့် လီပေါင်းထောင်ချီဝေးသောနေရာရောက်နေလေပြီ။ ရဲမက်များနှင့်မြင်းများလည်း ပင်ပန်းလွန်းလှပြီ။ ၎င်းတို့၏ အင်အားများလှပါသော်လည်း ယခုမူ အလွယ်တကူချေမှုန်းနိုင်ပြီဖြစ်သည်။ " မည်သို့ပင်ဆိုစေကာမူ အဆုံးတွင် ဧကရာဇ်ကျန်းကျုံးသည် စုန့်သည်လျောင်ကို နှစ်စဉ်အခွန်ဆက်ပါ့မည်ဟူ၍ပါဝင်သော ချမ်ရွမ်းစာချုပ် ဟုခေါ်သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုချုပ်ဆိုရန် ဆုံးဖြတ်လိုက်သည်။ (ဤစာချုပ်ကို) ဆန့်ကျင်ကြောင်းပြသည့်အနေဖြင့် ရန်ယန်ကျောင်းသည် လျောင်တပ်များ ဆုတ်ခွာစဉ် နောက်ဆုံးတိုက်ပွဲဆင်နွဲ၍ မရေမတွက်နိုင်သော လျောင်ရဲမက်များကျဆုံးစေသလို သုံ့ပန်းအဖြစ်လဲ ဖမ်းမိခဲ့သည်။ [၁၀]
စုန့်မင်းဆက်ရာဇဝင်အရ ရန်ယန်ကျောင်းသည် လက်ရုံးရည်ကော နှလုံးရည်ပါ ပြည့်ဝသော စစ်သူကြီးတစ်ဦးဖြစ်ပြီး စည်းကမ်းပြည့်ဝသော တပ်မတော်ကို ရှေ့တန်းစစ်မြေပြင်တွင် ဆယ်စုနှစ်ပေါင်းများစွာကွပ်ကဲလာသူဟုဆိုသည်။ သူ့ကိုချီးမြှင့်သောဆုလာဘ်များကို အိမ်ပြန်ယူသွားလေ့မရှိဘဲ သူ့ရဲမက်များကိုသာခွဲဝေပေးလေ့ရှိသည်။ တိုက်ပွဲများတွင်လည်း ရဲမက်များနှင့်အတူ စစ်မြေပြင်တွင် ရန်သူကိုရင်ဆိုင်တိုက်လေ့ရှိသည်။ အခါအားလျော်စွာ အောင်ပွဲများကို ငယ်သားများအား (နာမည်ကောင်း)ပေးလေ့ရှိသည်။ ထို့ကြောင့် သူ့ရဲမက်များသည် သူ့အပေါ်အလွန်သစ္စာတည်ကြသည်။ အသက် ၅၆နှစ်တွင် သူကွယ်လွန်သောအခါ ဧကရာဇ်ကျန်းကျုံးသည် အလွန်ဝမ်းနည်းပူဆွေးကာ အထူး(ဘုရင့်)တမန်တော်ဖြင့် သူ့အခေါင်းကို အိမ်ပြန်ပို့စေသည်။ လမ်းတလျှောက်တွင် လူပေါင်းများစွာသည် သူ့အခေါင်းကိုမြင်ကြသောအခါ ဝမ်းပန်းတနည်း ငိုကြွေးကြသည်။
၎င်းတွင် သက်ရှိထင်ရှား သား ၃ပါး ရန်ချွမ်ယုံ (楊傳永)၊ ရန်သယ်ကျန့် (楊德政) နှင့် ရန်ဝမ့်ကွမ်း တို့ရှိပြီး အားလုံးသည် အရာရှိများဖြစ်လာကြသည်။ [၁၁]
ရန်အိမ်တော်စစ်သူကြီးများ ဒဏ္ဍာရီဇာတ်လမ်းများတွင် ရန်ယန်ကျောင်းသည် ရန်ယဲ့ နှင့် ရှီဆိုက်ဟွားတို့၏ ဆဌမသားတော်ဖြစ်သည်။ သူသည် ရွှေသောင်ကမ်းတိုက်ပွဲတွင်ရှုံးနိမ့်အပြီး စစ်မြေပြင်မှ အိမ်ပြန်လာနိုင်ခဲ့သော တစ်ဦးတည်းသောသားဖြစ်သည်။ ဇာတ်လမ်းများတွင်သူ့ကို ရန်ကျင် (楊景)ဟူ၍လည်းရည်ညွှန်းသည်။
ဇာတ်လမ်းများတွင် သူသည် နှောင်းပိုင်းကျိုးမင်းဆက်မှ ဧကရာဇ်ရှစ်ကျုံးထံမှ ဆင်းသက်လာသူ ချိုက်မင်းသမီးနှင့် လက်ထပ်ခဲ့သည်။ အခြား ချိုက်မိသားစုဝင်များကဲ့သို့ပင် ချိုက်မင်းသမီးသည် စုန့် ဧကရာဇ် ထိုက်ကျူထံမှ သေဒဏ်ကင်းလွတ်မိန့် အာမခံ ရရှိထားသည်။ ၎င်းတို့၏သား ရန်ကျုံးပေါင် သည်လည်း စုန့်စစ်သူကြီးတစ်ဦးဖြစ်လာခဲ့သည်။
|archive-url=
က |archive-date=
ကို လိုအပ်သည် (အကူအညီ) တွင် မူရင်း |archive-url=
က |url=
ကို လိုအပ်သည် (အကူအညီ) အား မော်ကွန်းတင်ပြီး။|archive-url=
က |archive-date=
ကို လိုအပ်သည် (အကူအညီ) တွင် မူရင်း |archive-url=
က |url=
ကို လိုအပ်သည် (အကူအညီ) အား မော်ကွန်းတင်ပြီး။|archive-url=
က |archive-date=
ကို လိုအပ်သည် (အကူအညီ) တွင် မူရင်း |archive-url=
က |url=
ကို လိုအပ်သည် (အကူအညီ) အား မော်ကွန်းတင်ပြီး။