रामग्राम नगरपालिका | |
ကိုဩဒိနိတ် | 27°29′52″N 83°40′52″E / 27.49778°N 83.68111°Eကိုဩဒိနိတ်: 27°29′52″N 83°40′52″E / 27.49778°N 83.68111°E |
---|---|
တည်နေရာ | Parasi, parasi District, Lumbini Zone, Nepal |
အမျိုးအစား | စေတီ |
ပစ္စည်း | အုတ်၊ မြေ |
အလျား | ၅၀ မီတာ (၁၆၀ ပေ)[၁] |
အကျယ် | ၅၀ မီတာ (၁၆၀ ပေ)[၁] |
အမြင့် | ၆.၈၅ မီတာ (၂၂.၅ ပေ)[၁] |
စတင် | circa 483 BCE[၂] |
ပြီးဆုံး | circa 483 BCE[၂] |
ရည်ရွယ် | ဂေါတမဗုဒ္ဓ |
ရာမဂရာမစေတီတော် (နီပေါ: रामग्राम नगरपालिका, Ramgram, Rāmgrām, Rāmagrāma) သည် နီပေါနိုင်ငံ၊ ပရာစီခရိုင် (Parasi), ရမ်ဂရမ်မြို့ (Ramgram) တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာကာ တည်ခဲ့သည်။[၃] ပါဠိဘာသာစကားဖြင့် ရာမဂါမ (သို့) ရာမရွာ (Rāmagāma) ဟူ၍ ခေါ်ဆိုသည်။
ဂေါတမဗုဒ္ဓ၏ မိဘနှစ်ပါးတို့သည် မဇ္ဈိမဒေသ၏ မတူညီသည့် တိုင်းပြည်နှစ်ခုမှ ဖြစ်သည်။ ဖခင်သည် သက္ကတတိုင်းမှ ဖြစ်ပြီး မယ်တော်မာယာသည် ကောလိယပြည်မှ ဖြစ်သည်။ ဗုဒ္ဓစာပေများတွင် ဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ကျန်ရှိခဲ့သည့် ဓာတ်တော်များကို မဇ္ဈိမဒေသမှ မင်းသားရှစ်ဦးတို့သည် ခွဲဝေယူခဲ့ကြသည်။ မင်းသားတစ်ဦးချင်းစီတို့သည် သူတို့၏ မြို့တော်များတွင်လည်းကောင်း မြို့တော်များ၏ အနီးတွင်လည်းကောင်း စေတီတစ်ဆူစီတည်ခဲ့ကြသည်။ စေတီများတွင်လည်း ဓာတ်တော်များကို ဌာပနာခဲ့ကြသည်။[၄] ထိုစေတီရှစ်ဆူတို့သည် အောက်ပါနေရာတို့တွင် တည်ရှိသည် -
နောင်နှစ်ပေါင်း ၃၀၀ ကြာမြင့်ပြီးနောက် အသောကမင်းလက်ထက်တွင် ထိုစေတီများထဲမှ ခုနစ်ဆူကို တူးဖော်ဖွင့်ယူ၍ ဗုဒ္ဓ၏ ဓာတ်တော်များကို ဖယ်ရှားခဲ့သည်။ (အသောကမင်း၏ ရည်ရွယ်ချက်မှာ ဓာတ်တော်များကို စေတီတော်ပေါင်း ၈၄၀၀၀ ကို Maurya Empire တွင် တည်ထားပြီး ထိုစေတီများတွင် ပြန်လည်ဖြန့်ဝေဌာပနာရန် ဖြစ်သည်။) ဒဏ္ဍာရီများအရ နဂါးမင်းသည် ရာမဂြါမစေတီတော်ကို စောင့်ရှောက်လျက်ရှိပြီး အာသောကမင်း၏ ဓာတ်တော်များကို တူးဖော်ယူမှုမှ ဤနဂါးမင်းသည် ကာကွယ်ခဲ့သည်ဟု ဆိုကြသည်။
ယခုအချိန်တွင် စေတီတော်သည် ဗုဒ္ဓ၏ ဓာတ်တော်ဌာပနာထားသည့် မူလစေတီတော်သာ မပျက်စီးဘဲ ကျန်ရှိတော့သည်။[၃] စေတီတော်သည် မူလတည်ထားကိုးကွယ်စဉ်ကတည်းက ဘုရားဖူးတို့အတွက် ကြီးမြတ်သည့်နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ ၇ မီတာ (၂၃ ပေ) မြင့်သည့် ရုပ်ပွားတော်သည် မြေကြီးပုံထဲသို့ နစ်မြုပ်လျက်ရှိပြီး လေ့လာရှာဖွေမှုများ လုပ်ဆောင်လျက်ရှိသည်။[၄]
ဤနေရာကို UNESCO က ၁၉၉၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်ယာယီစာရင်းတွင် ယဉ်ကျေးမှုကဏ္ဍတွင် ထည့်သွင်းခဲ့သည်။[၃]