ရွှေနန်းကြော့ရှင် နရပတိ (၂၈ ဇူလိုင် ၁၄၇၆[note ၁] – ၂၅ မတ် ၁၅၂၇) သည် ဒုတိယ မင်းခေါင် နောက် နန်းတက်သည့် မင်းဖြစ်သည်။ ၁၅၀၁-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် နန်းတက်သည်။ သူ့လက်ထက်တွင် လှပတင့်တယ်သည့် နန်းတော်ကို တည်ဆောက်စံမြန်းသဖြင့် ရွှေနန်းကြော့ရှင် ဟူသောဘွဲ့ဖြင့် ထင်ရှားသည်။ နန်းတက်စအချိန်မှစတင်ကာ လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် တောင်ငူမှ မင်းကြီးညို၊ မြောက်ဘက်မှ မိုးညှင်းစလုံ နှင့် ပြည်မှ သတိုးမင်းစော အစရှိသည့်သူများ၏ အာခံမှု၊ ပုန်ကန်မှုများကို ခံခဲ့ရသည်။ မြန်မာသက္ကရာဇ် ၈၈၅ (မတ်လ ၁၅၂၅) အရောက်တွင် ပြည်နှင့် မိုးညှင်း အင်အားနှစ်ရပ်ပေါင်းကာ အင်းဝကိုတိုက်ခိုက်လာရာ မခုခံနိုင်တော့သဖြင့် အင်းဝနန်းကို စွန့်ကာယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ထွက်ပြေးရသည်။ ပြည်နှင့် မိုးညှင်းတပ်များ အင်းဝမှပြန်လျှင် မိမိမဟာမိတ် အုန်းဘောင်စော်ဘွား၏ အင်အားအထောက်အပံ့နှင့် အင်းဝတွင် တဖန်ပြန်လည် မင်းပြု၍ အင်အား ထူထောင်ပြန်သည်။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းများ တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။
ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈-ခုနှစ်(AD၁၅၂၇)တွင် သားသိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာ ဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစလုံသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ ချီလာရာ အင်းဝကို ဝိုင်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန်မိန်းငယ် မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်ချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့ကို ရှစ်ရက်ဝိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလေသည်။ သို့ဖြင့် ရွှေနန်းကြော့ရှင်နရပတိသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် တစ်ဦးတည်းသော အမြောက်ဆံသင့်၍ ကျဆုံးရသည့်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရွှေနန်းကြော့ရှင် မရှိတော့သည်နောက် အင်းဝကို သိမ်းပိုက်ထားသည့် မိုးညှင်းစလုံလည်း သားဖြစ်သူ သိုဟန်ဘွားကို နန်းတင်၍ ပြန်လေသည်။
အင်းဝ၌ နန်းသစ် (၈)ကြိမ် တည်ဆောက်မှုတွင် စာပေအထောက်အထားများအရ ရွှေနန်းကျော့ရှင်နရပတိ လက်ထက်ဆောက်သော နန်းတော်သည် အကောင်းဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ရွှေနန်းကျော့ရှင်နရပတိသည် နောက်နောင်သောမင်းတို့ ရွှေနန်းတော်ဆောက်လုပ်လျှင် မှီငြမ်းပြုလုပ်ရစ်စေခြင်းငှါ နန်းတည်ကျောက်စာတစ်ချပ် ရေးသား စိုက်ထူထားခဲ့သည်။ သက္ကရာဇ် (၈၈၈)ခုနှစ်တွင် သိုဟန်ဘွားက ရွှေနန်းတည်ကျောက်စာကြီးကို နောင်မင်းများ အသုံးမပြုစေရန် ၎င်းကျောက်စာကိုနုတ်ပြီး ထီးလှိုင်ရှင်ဘုရားအား လှူဒါန်းသည့်အနေဖြင့် ဘုရား၏ အနောက်စောင်းတန်းတွင် စိုက်ထူခဲ့သည်။ (၁၁၈၈)ခုနှစ်တွင် အင်းဝတွင် လောင်သောမီးကြောင့် ဂဝံကျောက်သားပေါ်တွင် ရေးထိုးထားသော ကျောက်စာများသည် အလွှားလိုက် ကွာကျခဲ့သည်။ (ယခုအခါ ထိုကျောက်စာကို မယ်နုအုတ်ကျောင်း မုခ်အဝင်ဝ အရှေ့တောင်ဘက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကျောက်စာဂူဖြင့် ထိန်းသိမ်းထားသည်။) [၅] ရေနံ့သာစား ငရွှေကျိုင်း
စလင်းမင်း သမီးလတ်တွင် သားသမီး မမြင်။
နောင်တော် မဟာသီဟသူရ မိဖုရားကို မိဖုရားဆက်မြှောက်ရာ
ပုခန်း သီဟပတေ့ သမီး မယ်တော်ချစ်ဘွားကို ဓမ္မဒေဝီဘွဲ့နှင့် မိဖုရားမြှောက်ရာ
ရမည်းသင်း မင်းရဲကျော်စွာ သမီး မင်းတရားနှမတော်တွင် သားသမီး မမြင်။
တောင်တွင်း သီရိဇေယသူ သမီးတွင် သားသမီး မမြင်။
နန်းတိတွင်
The 8th waxing of Tawthalin 838 ME translates to Sunday, 28 July 1476. It shows that the Yazawin Thit's date is correct; the Hmannan's retention of Tuesday from the Maha Yazawin is incorrect; and that the Zatadawbon's 8th month is a typographical error since Tawthalin is typically the sixth month in a regular (non-leap) year.