လောက်ကိုင်တိုက်ပွဲ | |||||||||
---|---|---|---|---|---|---|---|---|---|
မြန်မာ့ပြည်တွင်းစစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း | |||||||||
၂၀၂၄ ဇန်နဝါရီ ၉ အထိ ၁၀၂၇ စစ်ဆင်ရေး အခြေအနေပြမြေပုံ (၂၇ အောက်တိုဘာ မတိုင်မီ သိမ်းယူထားမှုများ မပါဝင်ပါ) တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသည်များ | |||||||||
| |||||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||||
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် နှင့် မဟာမိတ်များ | |||||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||||
ပါဝင်သည့် တပ်ဖွဲ့များ | |||||||||
စစ်အင်အား | |||||||||
၂၄၀၀ ကျော်[၂][၃] | မသိရှိရ | ||||||||
အသေအပျောက် | |||||||||
၉၀ ကျော် သေဆုံး ၂၄၇၉ ဦး အညံ့ခံ[၃][၂] | မသိရှိရ | ||||||||
အရပ်သား ၈ ဦးကျော် သေဆုံး၊ ၂၅ ဦး ဒဏ်ရာရ[၄] |
လောက်ကိုင်တိုက်ပွဲသည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ မြို့တော် လောက်ကိုင်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၏ မဟာမိတ်အဖွဲ့ဖြစ်သော ညီနောင်မဟာမိတ်သုံးဖွဲ့က ပူးပေါင်းဆောင်ရွက်သော ၁၀၂၇ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တကျော့ပြန် မြန်မာပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။[၅]
လားရှိုး-ချင်းရွှေဟော်လမ်းရှိ အဓိကနယ်စပ်မြို့နှင့် ကိုးကန့်သို့ အဓိကဝင်ပေါက်ဖြစ်သည့် ချင်းရွှေဟော်ကို ၁၀၂၇ စစ်ဆင်ရေး၏ ပထမနေ့တွင် သိမ်းပိုက်ခဲ့သည်။[၆] နိုဝင်ဘာလ လဝက်ခန့်တွင် MNDAA သည် လောက်ကိုင်မြို့ကို ဝိုင်းထားကာ အဓိကကျသည့် ကင်းစခန်းများစွာကို သိမ်းပိုက်ခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် လောက်ကိုင်မြို့၏ အရှေ့တောင်ဘက်ကို စတင်တိုက်ခိုက်ခဲ့သည်။[၇] ဒီဇင်ဘာလ ၃ ရက်နေ့တွင် လောက်ကိုင်တောင်ဘက် ဘုရားလေးဆူတောင်ကုန်းအပါအဝင် နယ်မြေအားလုံးကို သိမ်းပိုက်ခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကြောင့် ဒီဇင်ဘာလလယ်တွင် တိုက်ပွဲများ ခေတ္တ ရပ်နားခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်သဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လောက်ကိုင်မြောက်ဘက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ MNDAA သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဓိက နယ်စပ်မြို့များနှင့် ဂိတ်များကို သိမ်းပိုက်ခဲ့ပြီး မြို့တွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။[၈]
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လောက်ကိုင်မြို့ရှိ ပယ်ဆောက်ချိန် ဦးဆောင်သော နယ်ခြားစောင့်တပ်နှင့် တပ်မတော်က MNDAA သို့ လက်နက်ချခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် MNDAA သည် မြို့အများစုကို သိမ်းပိုက်နိုင်ခဲ့သည်။[၄][၉] ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ ခန့်က ဇန်နဝါရီလ (၄)ရက်နေ့တွင် လက်နက်ချခဲ့သည်။[၁၀]
၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ကိုးကန့်သည် ရှမ်းပြည်နယ်တွင် ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော အထူးဒေသ ဖြစ်လာခဲ့သည်။ ဖုန်ကြားရှင် ဦးဆောင်သော MNDAA သည် အဆိုပါဒေသကို သိမ်းပိုက်ပြီး မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တပ်မတော်မှ MNDAA ကို နယ်ခြားစောင့်တပ်အဖြစ် တပ်မတော်၏ ဦးဆောင်မှုအောက်တွင် ရှိရန် တောင်းဆိုခဲ့သည်။ MNDAA က ငြင်းဆိုခဲ့သဖြင့် လက်နက်ကိုင် တပ်ဖွဲ့များက ၎င်းအဖွဲ့အား ဖြုတ်ချကာ ၂၀၀၉ ကိုးကန့် ဖြစ်ရပ်အတွင်း ဒေသကို သိမ်းပိုက်ခဲ့သည်။[၁၁] ၂၀၁၅ ခုနှစ်တွင် MNDAA မှ ၂၀၁၅ ခုနှစ် ကိုးကန့်ထိုးစစ်ကို စတင်ခဲ့ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသည့်အတွက် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးကို သုံးလကြာ သတ်မှတ်ပေးသည်။[၁၂]
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားပြီးနောက် MNDAA ၏ အနီးကပ်မဟာမိတ်ဖြစ်သော ရက္ခိုင့်တပ်တော်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ခဲ့သည်။ ရက်အနည်းငယ်အကြာတွင် တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်အနီးရှိ အခြေစိုက်စခန်းတစ်ခုမှ MNDAA ကို လက်နက်ကြီးများဖြင့် စစ်အစိုးရက တိုက်ခိုက်ခဲ့သည်။[၁၃]