Arakha Army | |
---|---|
အာရက္ခတပ်တော် ပြည်တွင်းပဋိပက္ခသမိုင်းတွင် ပါဝင် | |
![]() အာရက္ခတပ်တော်၏အလံ | |
လှုပ်ရှား | ၁၀ ဧပြီ ၂၀၀၉ | –လက်ရှိ
ခံယူချက် |
|
ဦးဆောင်သူများ | ထွန်းမြတ်နိုင်[၁] ညိုထွန်းအောင်[၂] ကျော်ဟန် ခိုင်သုခ |
ဌာနချုပ် | မြောက်ဦးမြို့ ကချင်ပြည်နယ် |
လှုပ်ရှားသည့် ဧရိယာ | |
အင်အား | ၃၈၀၀၀+ [၃] |
တစ်စိတ်တစ်ပိုင်း | ![]() |
မဟာမိတ် | ![]()
အခြား: ![]() |
ပြိုင်ဘက် | ![]() နိုင်ငံမဟုတ်ပြိုင်ဘက်များ ![]() |
တိုက်ပွဲနှင့် စစ်ပွဲများ | ပြည်တွင်းပဋိပက္ခများ
|
အာရက္ခတပ်တော် (အင်္ဂလိပ်: Arakha Army; အတိုကောက် AA) သည်[၆] ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၁] ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဦးစီးသည်။ အာရက္ခတပ်တော် ၏ အဓိက ခေါင်းဆောင်လေးဦးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ၊ ဗိုလ်မှူးကြီး ကျော်ဟန် နှင့် အာရက္ခတပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ ဖြစ်သည်။
၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းလေးခုကို အာရက္ခတပ်တော် AA က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတော်အစိုးရက အာရက္ခတပ်တော် ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ မှ အာရက္ခတပ်တော် AA အား အကြမ်းဖက်အုပ်စုမှ ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။[၇]
၁၉၉၇ ခုနှစ်က ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် လူလတ်ပိုင်းများ၏ စုစည်းလှုပ်ရှားမှုမှ ရက္ခိုင့် တပ်တော် ပေါ်ပေါက်လာရန် အစပြုခဲ့သည်။[၈]၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် KIA ဗိုလ်ချုပ်ဂွမ်မော်တို့ လိုင်ဇာတွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ်များကို KIA မှ စစ်သင်တန်းများ ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာတွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၉] စတင်ဖွဲ့စည်းစဉ် အခါက တပ်တော် အမည် အား ရက္ခိုင့်တပ်မတော် ဟု အမည်ပေးခဲ့သည်။ဖွဲ့စည်းပြီး ၁၀နှစ်ပြည့်မြောက်သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ဟူ၍လည်းကောင်း၊တပ်တော် ၁၅နှစ်ပြည့်မြောက်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ရက်တွင် အာရက္ခတပ်တော်ဟူ၍လည်းကောင်း အမည်များ အသီးသီးပြောင်းလဲခဲ့သည်။ [၁၀]
အာရက္ခတပ်တော် သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပလက်ဝမြို့နယ်ဘက်မှ တဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလာခဲ့ပြီးနောက် တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။[၉]
၂၀၁၈ ခုနှစ်တွင် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင် စသောမြို့နယ်များအထိ နယ်မြေချဲ့ထွင်လာခဲ့ပြီးနောက် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ပြီး ၂၀၁၅ မှစတင်ကာ တပ်မတော်နှင့်အကြိမ် ၁၀၀ ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၉]
၂၀၁၈ ဒီဇင်ဘာလအတွင်း တပ်မတော်မှ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့ကို ၄ လ စစ်ကြောင်း ရပ်နားလိုက်သော်လည်း ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်ခြားစောင့်စခန်း (၄) ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း ရှိခဲ့သည်။
၂၀၂၀ ခုနှစ်အတွင်းတွင် အစိုးရတပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများသည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်များထိ ကူးစပ် ကျယ်ပြန့်လာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် လူဦးရေသိန်းနှင့်ချီကာ နေရပ်စွန့်ခွာ စစ်ဘေးသင့်ပြည်သူများ ဖြစ်လာခဲ့ရသည်။
မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီး ၂နှစ်ကျော်အကြာ ရှမ်းပြည်မြောက်ပိုင်း တွင် အာရက္ခတပ်တော် ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ပြည်သူ့စစ်အဖွဲ့ များအား တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေးအား စတင်သည်။[၁၁] အာရက္ခတပ်တော် သည် ယင်းစစ်ဆင်ရေးအပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရခိုင်ဒေသစစ်ဆင်ရေးအား ရခိုင်ပြည်နယ် တွင် စတင်ခဲ့သည်။ ရခိုင်ဒေသ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ် များ အား ထိန်းချုပ်နိုင်ခဲ့သည်။
အာရက္ခတပ်တော်သည် မျိုးနွယ်စု စုံလင်သည့် ရခိုင်လူထုအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ရခိုင်တိုင်းရင်းသားတို၏ အမျိုးသားတည်မြဲမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ရပ်တည်လျက်ရှိကြောင်း ဆိုသည်။ တပ်တော်သည် ရိုဟင်ဂျာတို့ကို အတင်းအကျပ် လူစုဆောင်းပြီး မြန်မာ့တပ်မတော်ကို ဆန့်ကျင်ရန် အားလုံးပါဝင်နိုင်သည့် ဖယ်ဒရယ် အစိုးရတစ်ရပ် တည်ဆောင်မည်ဟု ရည်ရွယ်ကြောင်း ဆိုသော်လည်း၊ ရက္ခိုင့်တပ်တော်က အကြမ်းဖက်မှုများနှင့် ရိုဟင်ဂျာတို့အား စစ်မှုမြေပုံပေါ်တွင် အသုံးချမှု (လူသားဒိုင်းအဖြစ် အသုံးပြုမှု) ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည်။[၁၂] [၁၃] ရခိုင်နှင့် ရိုဟင်ဂျာများအကြား တင်းမာမှုများကို အလွဲသုံးစားပြုလျက် စစ်အစိုးရအနေဖြင့် ရိုဟင်ဂျာများအား အတင်းအကြပ်လူသူစုဆောင်းကာ လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိသည်ဟူသော အစီရင်ခံစာများလည်း ရှိနေသည်။[၁၄] ၂၀၂၁ ခုနှစ်က Prothom Alo နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် တပ်တော်၏ စစ်ဦးစီးဖြစ်သော ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့၏ အဖွဲ့အစည်းသည် ဘင်္ဂလားဒေ့ရှ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် ရည်ရွယ်ထားပြီး ရိုဟင်ဂျာအရေးကိုလည်း အတူတကွ ကိုင်တွယ်သွားရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။[၁၅]
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်နှင့် အာရကန်ရိုဟင်ဂျာတပ်မတော် တို့အပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ လည်ပတ်လျက်ရှိသော လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူလူမျိုးများအား သတ်ဖြတ်ခြင်း၊ မုဒိန်းပြုကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။ Global Arakan Network ၏ အစီရင်ခံစာအရ RSO ကဲ့သို့သော အဖွဲ့အစည်းများသည် အလ်-ကိုင်ဒါနှင့် ဂျာမာတ်-အီ-အစ်လာမီ တို့နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲထားသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအတွင်း အဆိုပါ အဖွဲ့များ အင်အားကြီးထွားလာနေသည်ကို ဘင်္ဂလားဒေ့ရှ်က မျက်ကွယ်ပြုထားသည်ဟု အာရက္ခတပ်တော်က ဆိုသည်။[၁၆]
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာရက္ခမီဒီယာ နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အာရက္ခတပ်တော်၏ စစ်ဦးစီးက လက်နက်ကိုင်ဆန္ဒပြမှု၏ နိုင်ငံရေး ရည်ရွယ်ချက်သည် အာရကန်၏ အချုပ်အခြာအာဏာကို ပြန်လည်ရယူရန်နှင့်၊ ဆုံးရှုံးသွားသည့် အချုပ်အခြာအာဏာကို ပြန်လည်ရယူရာတွင် မည်သည့်အရာကိုမျှ ညှိနှိုင်းခြင်း မပြုခဲ့ဘဲ၊ အနာဂတ်တွင်လည်း မည်သည့်အခါမျှ ညှိနှိုင်းမည် မဟုတ်ဟု ပြောကြားခဲ့သည်။[၁၇][၁၈]
ရက္ခိုင့်အိပ်မက် ၂၀၂၀ သည် ရခိုင်လူထုတစ်ရပ်လုံး ချိတ်ဆက်ပြီး ရခိုင်လူထုလှုပ်ရှားမှုတစ်ရပ်ကို ၂၀၂၀ တွင် စတင်ရန် ရည်မှန်းချက်ဖြစ်သည်။[၉]
(၂၁) ရက်၊ ဧပြီ လ၊ ၂၀၂၀ ခုနှစ် - အမ်း မြို့နယ်မှ စစ်တွေ မြို့နယ်သို့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုပိုင် ပိုးသတ်ဆေး ပစ္စည်းများ တင်ဆောင် မောင်းနှင်လာသည့် ယာဉ်ကို မင်းပြား မြို့နယ်၊ ဖားပြို ကျေးရွာ အနီးတွင် AA က လက်နက်ငယ်များနှင့် ပစ်ခတ်သဖြင့် ထိုယာဉ်မောင်း သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ သို့သော် ထိုသတင်းမှန်ကန်ကြောင်းတပ်မတော်မှ အထောက်အထားတစ်စုံတစ်ရာ ထုတ်ပြနိုင်ခြင်းမရှိခဲ့ပါ။ [၁၉]
(၂၂) ရက်၊ ဧပြီ လ၊ ၂၀၂၀ ခုနှစ် - AAနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ပလက်ဝ မြို့နယ်၊ မြန်မာ့ စီးပွားရေးဘဏ် အနီးသို့ တပ်မတော်မှ ပစ်ခတ်သည့်လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲသဖြင့် ထိုဘဏ် အနောက်ဘက်ရှိ သရက်ပင်တွင် သရက်သီး ခူးစားနေသည့် ထိုဘဏ်ဝန်ထမ်းတစ်ယောက်၏ မိသားစုဝင် အမျိုးသမီး တစ်ဦး၊ လေးနှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် ကိုးနှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ သေဆုံးကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (R. E. C)က ထုတ်ပြန်သည်။ [၁၉]
စစ်ကောင်စီနှင့် အာရက္ခတပ်တော် အကြား တိုက်ပွဲများပြင်းထန်နေသည့်အတွက် နတ်မြစ်အနီး ထွက်ပြေးလာသော ရိုဟင်ဂျာများကို တပ်မတော်မှရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် ၂ဝဝ ကျော် သေဆုံးခဲ့ရသည်။ မောင်တောမြို့နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် နတ်မြစ်အနီးကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးအပါအဝင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။[၂၀]