ချင်းတွင်းအောက်ပိုင်း | |
---|---|
Aerial view of lower Chindwin River and Twin Taung (1980). | |
အမြင့်ဆုံးအမှတ် | |
အမြင့် | ၃၈၅[၁] m (၁,၂၆၃ ft) |
စာရင်းသွင်းခြင်း | မြန်မာနိုင်ငံရှိ မီးတောင်များစာရင်း |
ကိုဩဒိနိတ် | 22°22′14″N 95°1′7″E / 22.37056°N 95.01861°Eကိုဩဒိနိတ်: 22°22′14″N 95°1′7″E / 22.37056°N 95.01861°E[၁] |
ပထဝီဝင် | |
တည်နေရာ | မြန်မာနိုင်ငံ |
ဘူမိဗေဒ | |
တောင်အမျိုးအစား | Volcanic field |
နောက်ဆုံး ပေါက်ကွဲမှု | unknown (> 10.000 years)[၁] |
ချင်းတွင်းအောက်ပိုင်း စစ်ကိုင်းတိုင်းဒေကြီး၊ မုံရွာမြို့၏ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာ (၂၀ မိုင်) အကွာတွင် တည်ရှိသည့် ပေါက်ကွဲထားသည့်မီးတောင်ဝ ၇ ခု သို့မဟုတ် ၈ ခုတို့ တည်ရှိသည့် ဒေသတစ်ခု ဖြစ်သည်။
ထိုမီးတောင်များသည် Pliocene ခေတ်နှောင်းပိုင်းနှင့် Pleistocene ခေတ်ကာလအချိန်များက ဖြစ်တည်ခဲ့ကြသည်။ မီးတောင်ဝများသည် မီးငြိမ်တောင်များ ဖြစ်ကြသည်။ စမစ်ဆိုနီယမ်အင်စတီကျု၏ ကမ္ဘာလုံးဆိုင်ရာမီးတောင်များအစီအစဉ်တွင် ပေါက်ကွဲမှုနှင့် ပတ်သက်သည့်အချက် မပြသထားပေ။ လွန်ခဲ့သည့် နှစ် ၁၀၀၀၀ အချိန်က မီးတောင်များဖြစ်သည်ဟု ဆိုထားသည်။[၁]
အဓိကပါဝင်သည့် ကျောက်အုပ်စုအမျိုးအစားများမှာ Basalt, Rhyolite, Dacite နှင့် Andesite တို့ ဖြစ်ကြသည်။
မီးတောင်ထိပ်ဝ သုံးခုမှ ၄ လေးခုသည် ရေကန်များ ဖြစ်နေကြပြီး ထိုအထဲမှ တစ်ခုသည် ချင်းတွင်းမြစ်၏ အရှေ့ဘက်တွင် တည်ရှိကာ အခြားကန်များသည် ချင်းတွင်းမြစ်၏ အနောက်ဘက်တွင် ဖြစ်သည်။ အရှေ့ဘက်ရှိ ကန်၏ အမည်မှာ တွင်းတောင်ဖြစ်ပြီး အခြားကန်များမှာ တောင်ပြောက်၊ တွင်းမနှင့် ရေကြာတို့ ဖြစ်ကြသည်။ ကန်များတွင် cyanobacteria စပီရူလိုင်းနား (တစ်ခါတရံ "စိမ်းပြာရေညှိ" ဟု ခေါ်) များ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။ ၎င်းတို့ကို ရိတ်သိမ်းကာ အခြောက်ခံပြီး ဆေးအဖြစ် ရောင်းချကြသည်။ ၂၀၁၄ ခုနှစ် အကုန်တွင် မြန်မာနိုင်ငံအစိုးရက တွင်းတောင်ကန်ကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းတွင် တင်သွင်းရန် စီစဉ်ခဲ့သည်။[၂]